Part(34)

6.4K 420 119
                                    

[Unicode] 💙💙💙

Tk-"ဖေဖေသားချောလားဟင်"

Namjoon Hyung ဝယ်ပေးတဲ့အကျီဝတ်ပြီးမှန်ရှေ့မှာရပ်ကာခန္ဓာကိုယ်တစ်ပတ်လည်နေအောင်ကြည့်လို့ဝတော့ကိုယ့်ဘက်လှည့်ကာ ဖေဖေသားချောလား တဲ့ အမယ်လေး .. သိပ်မလှချင်ရှာပါဘူး အခုလိုလုပ်နေတဲ့ .. ပုံစံလေးက Hyung နဲ့အတော်လေးတူတယ် .. အာ .. ဘာလို့သူ့အကြောင်းတွေးနေပြန်တာလဲ .. မတွေးစမ်းပါနဲ့ ... သူ့အကြောင်း ..

Tk-"ဖေဖေမေးနေတယ်လေ"

Jk-"ဟမ် .. အာ .. ချောတာပေါ့ .. ဖေဖေ့သားလေးကအချောဆုံး"

Tk-"‌သိပါတယ်သားချောတာ .. အဲ့ဒါ Pa Pa နဲ့တူလို့လေ .. အင်း .. Pa Pa လူပျိုတုန်းကလည်းမိန်းကလေးတွေဝိုင်းပြီးပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ဖြစ်ခဲ့မှာပဲနော် .. ဒါမယ့်ဖေဖေ့ကိုဘာလို့လက်ထပ်ခဲ့တာလဲ .. မိန်းကလေးကိုမရွေးပဲနဲ့"

အဲ့စကားကြောင့် Jungkook အနည်းငယ်စိတ်တိုသွားကာ

Jk-"Hyung ကိုတစ်ခြားမိန်းကလေးတွေနဲ့မပေးစားနဲ့မကြိုက်ဘူး"

ဟုတ်တယ် .. Hyung ကသူ့အပိုင် .. ဘယ်မိန်းကလေးမှ Hyung အနားကပ်တာမကြိုက်ဘူး .. Choi Yoon တုန်းကလည်း Hyung ကြောင့်သည်းခံခဲ့ရတာ .. မဟုတ်ရင်အဲ့ကောင်မဇာတ်ကျိုးနေလောက်ပြီ ... (အမယ်လေး .. ကြောက်ပါတယ် ကိုအကုရယ် .. ကြားတယ်နော် Taehyung ကိုဝိုက်မယ့်အစစ်မတွေ 😝😝😝)

Tk-"ဟွန့် .. မပေးစားတော့ပါဘူးကြောက်ပါတယ်"

Jm-"ဟေ့ .. မပြီးကြသေးဘူးလားကွ"

သားအ‌ဖနှစ်ယောက်ရန်ဖြစ်နေတုန်းရောက်လာတဲ့ Jimin တို့

Jk-"ပြီးပြီ"

Jh-"ပြီးပြီဆိုသွားမယ်လေ .."

Jk-"အင်း .."

သူတို့လည်းအောက်ကိုသာဆင်းလာလိုက်တယ် အောက်လည်းရောက်ရောခြံထဲမှာထိုင်ပြီး Namjoon Hyung နဲ့စကားပြောနေတဲ့သူ .. Hyung ..

....……………................

ဒီနေ့ညက Seokjin နဲ့ Namjoon Hyung တို့ရဲ့မဂ်လာပွဲဖြစ်လို့ညစာမစားပဲကုမ္ပဏီကနေတန်းပြီးမဂ်လာပွဲကိုသွားလိုက်တယ် မဂ်လာပွဲနဲ့အတူပါတီမှာတန်းပြီးလုပ်မှာဖြစ်လို့ Kookie နဲ့အကြာကြီးတွေ့ရတော့မယ်ဆိုတဲ့စိတ်နဲ့ပျော်နေမိတယ် ကားဘယ်လောက်မှမမောင်းလိုက်ရပါဘူး ခဏကြာတော့မဂ်လာပွဲကိုတန်းရောက်လာရော အထဲဝင်သွားလိုက်တော့ ကျတော်နားလာပြီးစားပွဲတစ်ခုကိုခေါ်သွားတဲ့ Namjoon Hyung

Kookie's Lovely Husband (쿠키의 사랑스러운 남편) ✅ {Completed} ✅Where stories live. Discover now