1 (Unicode)

2.9K 193 32
                                    

"တီတီတီတီ တီတီတီတီ"

နေရောင်ခြည်က မိုးပြာရောင်လိုက်ကာပါးလေးကို ထွင်းပြီး ခြုံစောင်အထူကြီးနဲ့ ကွေးကွေးလေး အိပ်နေတဲ့ ကောင်လေးတစ်ယောက်ပေါ်သို့ ဖြာကျလျက်

7နာရီအတိ သံပတ်ပေးထားသော နိုးစက်လေးမှ တဂျော်ဂျော်မြည်နေပေမဲ့ အိပ်ယာပေါ်က အနှီကောင်လေးကတော့ တုတ်တုတ်မှ မလှုပ်။

"Ya!! Park Jeongwoo! မင်း ခုထိ မထသေးဘဲ ဘာလုပ်နေတာလဲ ထ ထ ထတော့လို့!!"

အကိုဖြစ်သူမှ တံခါးကို တဗုန်းဗုန်းခေါက်ပြီး အော်နေလည်း ထိုသကောင့်သားကတော့ ဘေးတစောင်းကွေးအိပ်နေရာကနေ ပက်လက်တောင် လန်လိုက်သေးသည်။

စိတ်မရှည်တတ်သော အကိုဖြစ်သူ Park Jihoonတစ်ယောက် တံခါးဆွဲဖွင့်ပြီး

"Ya! Park Jeongwoo!! ဟေ့ကောင် ထတော့လို့" ဟု နားနားလေး အော်နှိုးမှ
ထထိုင်ရင်းပြောလာသောစကားက....

"အာ Hyungက စိတ်ဓာတ်ပဲ မနေ့ညမှ Hyungနဲ့အတူ ​ gameကူဆော့ပေးလိုက်လို့ပင်ပန်းနေတာလေ ဝှားးးး
အိပ်ရေးတောင်ပျက်တယ်် ဘာကိစ္စနဲ့ အစောကြီးလာနှိုးနေတာတုန်း"

"ဒီနေ့က တနင်္လာနေ့လေ ကျောင်းကိုစောစောသွားရမှာပေါ့ ငါ့လို proကျောင်းသားဖြစ်ဖို့ဆို မင်း ဝီရိယလေး ဘာလေးလည်းထားပါအုံးလား ငဂျစ်ရ"

"ဒါပဲမလား ပြောချင်တာက Hyungကတော်တယ်ဆိုတာပဲမလား! ပြောပြီးပြီဆိုရင်လည်း အခန်းထဲက ထွက်တော့ ကျွန်တော် မျက်နှာသွားသစ်တော့မလို့"

**ပြောချင်ရာပြောပြီး လာနှိုးတဲ့အကိုကို ကျေးဇူးမတင်တဲ့ အကောင်ပေါက်!
ညီတစ်ယောက်ရထားလို့ အားကိုးရမလားမှတ်တယ် စာနဲ့ gameကလွဲပြီး ကျန်တာဆို လုံးဝ ကူဖော်လောင်ဖက်မဖြစ်**

Jihoonဟာ သက်ပြင်းချရင်းနဲ့ပဲ

"Hyung ရေနွေးပါစပ်ပေးထားတယ် ရေပါတစ်ခါတည်းချိုးလာခဲ့နော် တော်ကြာ နံလို့ မင်းနားကို Seoulက ကျောင်းသားတွေ မကပ်ပဲနေအုံးမယ်" ဟုပြောသာ ချလိုက်သည်

.............................

Hyungပြောသလို ရေချိုးလိုက်ပြီးတာနဲ့ ကိုယ်လုံးပေါ် မှန်အရှေ့မှာ ကျောင်းuniformအသစ်လေးကို ဝတ်လိုက်တယ်။ကြယ်သီးတပ်နေရင်း မိမိကိုယ် မိမိပြန်ကြည့်လိုက်သည်။

My Dear IKSAN PENGUIN  • ʰʲʷWhere stories live. Discover now