Part - 1

88 11 0
                                    

စာသင်ခန်းထဲကိုဝင်လာတဲ့ကောင်လေးတစ်ယောက်ကြောင့်တစ်ခန်းလုံးဆူညံသွားတယ်

"ဟဲ့ကောင်မ ချောလိုက်တာဟယ်"
"ဟဲ့မလုနဲ့အဲ့တာငါ့ Type လေး"
"လုံးဝ Badboy Type လေးဟယ်ချစ်ဖို့
ကောင်းလိုက်တာ ငါတော့ကြွေနေပြီ"

အခန်းထဲကကောင်မတွေပြောတာကိုဂရုမစိုက်ပဲသူ့နေရာသူ ဝင်ထိုင်လိုက်တယ် ထိုစဥ်သူ့ပုခုံးပေါ်ရောက်လာတဲ့လက်တစ်စုံ

"ဟျောင် Fu မင်းရောက်လာတာနဲ့တစ်ခန်းလုံးဆူညံနေတာပဲ ဟိုဘက်ကကောင်မလေးတွေကိုလဲကြည့်အုန်း မင်းကိုပဲကြည့်နေကြတယ်"

"ထားလိုက် သူတို့မှာမျက်လုံးပါလို့ကြည့်တာ ဒါမဲ့ငါ့မျက်လုံးကတော့သူတို့ကိုပြန်ကြည့်ဖို့အရမ်းလှလွန်းနေတယ်"

"အောင်မလေး ဒါနဲ့ Fu ဒီနေ့တစ်ဝိုင်းရှိတယ် ငါ့ကိုရန်လာစထားတာ လိုက်မှာလား"

"နှစ်ခါပြောစရာတောင်မလိုဘူး ဒီနေ့ညလား"

"အေးဟုတ်တယ်"

Fu နဲ့သူရဲ့သူငယ်ချင်း ကောင်းထက် တို့စကားပြောနေတုန်း ကောင်းထက်ရဲ့အခွက်ကိုတည့်တည့်မှန်လာတဲ့ Makerpen

"အားးးး"

"ဘာလို့စကားများနေကြတာလဲစာကိုအာရုံစိုက်"

"ဟျောင် Fu ဆရာမပြစ်လိုက်တိုင်းငါပဲထိနေတယ် မင်းကြတော့မထိဘူး"

Fu ကဆရာမ ဘက်ကိုလှည့်ပြီးရယ်ပြလိုက်တယ်

"ဆရာမက ငါ့ရဲ့မျက်နှာချောချောလေးကိုမထိခိုက်စေချင်ဘူးလေ"

"အော် အေးပါအေးပါ"

..................................................

"တောင်းး...တောင်းးးပန်ပါတယ် Boss ကျွန်တော်တို့မရည်ရွယ်ပါဘူးအဲ့လိုလုပ်ဖို့"

"မကြားချင်ဘူး မင်းတို့ဒါလေးတောင်အဖြစ်ရှိအောင်မလုပ်တက်ဘူးလား"

"ကျွန်တော်တို့အသစ်ထပ်လုပ်ပေးပါ့မယ်"

"မလုပ်နဲ့တော့ငါကစိတ်ရှေတာမဟုတ်ဘူး အဲ့ Project ကိုဖြတ်သိမ်းလိုက်တော့"

"ဒါမဲ့ Boss အဲ့တာကိုဖြတ်သိမ်းလိုက်ရင်အများကြီးဆုံးရှုံးသွားလိမ့်မယ်"

My BadBoyWhere stories live. Discover now