MOP 5+6(Uni)

725 80 0
                                    

ရိှန်းကိုကို ၏ မိဘနှစ်ပါး လက်ထပ်ခါစက ရိှန်းကိုကို ဖခင်သည် တရုတ်ပြည်ထဲ ၀င်ထွက်ကာ ကျောက်ပွဲစားလုပ်သည်။ မိခင်ကတော့ ဈေးထဲတွင် ကုန်စုံဆိုင်လေး ဖွင့်ထားသည်။ နောက် ၈၈ အရေးခင်း အပြီး နိုင်ငံရေးအ‌ခြေအ‌နေကြောင့် ပွဲစားအလုပ်နားကာ ကုန်စုံဆိုင်ကိုသာ ၁၀ နှစ်လောက် မှီခို ခဲ့ရသည်။

ထို့နောက်တွင်တော့ အရင်က စုထားသော ငွေများနှင့် ကုန်စုံဆိုင်မှ အမြတ်များ ပေါင်းပြီး တနိုင်တပိုင် ကားတစ်စီး၀ယ်ကာ မူဆယ်-လားရွိုးကြား ခရီးသည် ပို့ဆောင် ‌သည်။ ရိှန်းကိုကို ဖခင် ဆုံးတုန်းက ရိှန်းကိုကိုသည် ၈တန်း၊ ၁၃ နှစ်သား အရွယ်ဖြစ်သည်။

2003
APR 29.

ရိှန်းကိုကို တစ်ယောက် ယမန်နေ ့များအတိုင်း သူငယ်ချင်းများနှင့် ဘောလုံးကန်ရာမှ ပြန်လာခဲ့သည်။

ဧည့်ခန်းတွင်း မေ‌မေရော၊ အမဖြစ်သူ ရိှန်းမမ ပါ ငိုနေကြသည်။ ဘာဖြစ်နေလဲ သူမသိ။ မေမေ က ထိုင်‌ခုံပေါ်၊ မမကြီးက မေမေ့‌ခြေရင်း ကြမ်းပြင်တွင် ထိုင်ကာ လက်အုပ်ချီရင်း ငိုနေသည်။ 2 နှစ်သား ရိှပြီဖြစ်သော တူမလေး သစ္စာမေ က ဘေးနားတွင် သူ့အရုပ် နှင့် သူ ထိုင်ဆော့နေသည်။

" မမကြီး ဘာလို့ မေမေ့ ကို ငိုပြီး ကန်တော့နေတာလဲ.. မေမေ... ဘာလို့ငိုနေတာလဲ"

"သား... မင်း.. မင်း.. အဖေ... "

မေမေက ရွိုက်ကြီးတငင် ငိုရင်း ‌ဗလုံးဗ‌ထွေးပြန်‌ဖြေသည်။

"ဖေဖေ ဘာဖြစ်လို့လဲ ဘာဖြစ်တာလဲ... မေမေ ‌ပြောပါဦး "

"သမီးအပြစ်တွေပါ...အင့်.. မေမေ...သမီး မလိမ်မာ လို့... သမီး မလိမ်မာလို့.... ဖေဖေ ခုလို ဖြစ်ရတာ "

မမကြီးက ငိုရင်း သာ တတွတ်တွတ်‌ပြောနေသည်။

"မေမေ၊ မမကြီး သားကို ‌ပြောပါဦး ဖေဖေ ဘာဖြစ်တာလဲလို့"

အသံများတုန်လာပြီး တစ်စုံတစ်ရာ၊ မတွေးကောင်းသော အရာကို တွေးမိသည်။

"သား... သား ဖေဖေ လမ်းမှာ...အင့်... ကားမေှာက်ပြီး...ကား‌က...ကားက ချောက်ထဲ ကျသွားတယ် အီး... "

MY OWN PLANET (Z+U) [Completed]Where stories live. Discover now