Ch-38

428 48 6
                                    

Uni

လေရူးတွေတ​သုန်သုန်တိုက်ကာ စပါးခင်းဝါဝါတွေကိုမြင်ရတဲ့ နွေရာသီမနက်ခင်းကနေ မိုးတွေတဖွဲဖွဲကျဆင်းပြီး စိမ်းစိုနေတဲ့စပါးခင်းစိမ်းစိမ်းတွေကိုမြင်ရတဲ့ မနက်ခင်းက ပိုပြီးလှလေသလား။ ဘယ်လိုပဲလှနေပါစေ Chan အတွက်ကတော့ မိုးဖွဲတွေကျနေတဲ့အေးစိမ့်စိမ့်မနက်ခင်းမှာ ချစ်ရတဲ့သူကိုရင်ခွင်ထဲထည့်ပြီး နိုးထရတာက ရှူမငြီးတဲ့ပန်းချီကားတစ်ချပ်လို ။ Chan တစ်ယောက် သူ့ရဲ့ပေါက်စကိုကြည့်နေပြီး စားပွဲပေါ်က နာရီကိုတောင်မကြည့်မိ။

Chan ကြည့်နေတုန်းပါပဲ KS က chan ရဲ့ရင်ခွင်ထဲကနေ လှုပ်ရွကာနိုးလာလေသည်။

" အင်း.......ကိုကို "

" နိုးပြီလား ပေါက်စ "

" ဟင့်အင်း အိပ်အုံးမှာ "

" အွင်းအွင်း ဆက်အိပ် ကလေး "

" omm ဒါနဲ့ကိုကို ကျောင်းမသွားဘူးလား ဒီနေ့နေ့နေ့.........."

KS စကားတောင်မဆုံးလိုက်

" ဟာ သွားပြီး ကျောင်း ကျောင်း  ဟုတ်တယ်ကျောင်းသွားရမှာ "

Chan KS ပြောမှ နာရီကိုအပြေးအလွှားကြည့်မိတော့ 8 နာရီထိုးပြီးနေပြီ။

" ဟာ သေပြီ "

" ဒုတ် "

" အ့ ကိုကို "

ရင်ခွင်ထဲထည့်ထားတဲ့ KS ကိုခုတင်ပေါ်သေချာတော့ချပေးလိုက်တာ လက်ကအရှိန်လွန်ပြီး ကုတင်စောင်းနဲ့ KS ခေါင်းမိတ်ဆက်သွားလေသည်။

" ဟာကလေး sorry အုံဖွ မွ ကိုကိုနောက်ကျနေလို့ ပေါက်စ "

KS ခိုက်မိတဲ့နေရာကို အနမ်းတစ်ပွင့်ပေးကာ အိမ်အောက်ကိုပြေးဆင်းသွားလေသည်။

KS " အင်းပါ ကိုကိုရယ် "ဟုသာပြောရင်းအောက်ထပ်ကို မျက်နှာသစ်ဖို့ပြေးဆင်းသွားတဲ့ Chan ကိုကြည့်ပြီး KS ခေါင်းရမ်းကာပြုံးမိသည်။ KS ဆက်မအိပ်တော့ဘဲ Chan အတွက် အဝတ်အစားထုတ်ပေးလိုက်သည်။ ထုတ်ထားတဲ့အင်္ကျီနဲ့ပုဆိုးကို အိပ်ရာပေါ်တင်ဖို့ရွယ်တုန်း ရောက်ချလာကာ လက်ထဲကအင်္ကျီတွေ ဆွဲယူကာဝတ်တော့သည်။ ဘယ်လိုတောင်ပျာယာ ခတ်လဲ မခတ်လဲ ဝတ်ထားတဲ့အင်္ကျီက ကော်လံက ထောင်မတ်နေသည်။ ကြယ်သီပေါက်ကိုလည်း မှားတက်လို့တက်နဲ့ KS ဝတ်ပေးမှအဆင်ပြေသွားသည်။ KS လုပ်ပေးနဲ့တဲ့ပုံက ယောင်္ကျားအလုပ်သွားဖို့ မိန်းမက ပြင်ပေးနေတဲ့ပုံ။ Chan ခမျာ သိပေမဲ့ မroနိုင်အား ။ ဒီနေ့ကျောင်းမှာ အလယ်တန်းကျောင်းအဖြစ်ကနေ အထက်တန်း ကျောင်းဖြစ်အောင် ​ဆွေးနွေးရမဲ့ကိစ္စအကြီးကြီးရှိနေသည်။ KS ကလည်းသိနေတာကြောင့် ခြေထောက်ကဒဏ်ရာနဲ့တောင်ကူပေးနေခြင်း။ ရွာက ကလေးတွေရဲ့အနာဂတ်တစ်ခုပေပဲမဟုတ်လား။ အရေးမကြီးပါက ကျောင်းမသွားပဲ ရိုနေမှာ ဟု Chan စိတ်ထဲကနေ တွေးနေကာ KS ရဲ့မျက်နှာအစိတ်ပိုင်းတစ်ခုချင်းစီကို နမ်းကာ

ကိုယ့်ရဲ့အသည်းတစ်ခြမ်းလေး(U+Z)Where stories live. Discover now