[ 💗MEOW💗Uni ]

6K 746 33
                                    

ပေါင်ပေါင်ကဂျစ်ကန်ကန်နိုင်တယ်
ဒါပေမဲ့ကိုကိုပွေ့ချီတာခံချင်လို

ဒီနေ့ရာသီဥတုကောင်းတာကြောင့်
ရှောင်းကျန့်နဲ့ပေါင်ပေါင်လမ်းလျှောက်ထွက်လာကြသည်။လမ်းမပေါ်သွားရင်အမြဲချီသွား
တတ်ပေမဲ့ဒီတခါပေါင်ပေါင်ကဟိုဘက်ကားလမ်းကို
အလန့်တကြားလှမ်းကြည့်ပီးလူပေါ်ကအတင်းခုန်ချ
သည်။

ဖမ်းချိန်မရလိုက်ခင်မှာပဲပေါင်ပေါင်ကလမ်းအလယ်ရောက်နေပီ။သူအော်ခေါ်ဖို့အသံတောင်မထွက်တော့ဘူး။
ရှောင်းကျန့်အသံကုန်ခြစ်ကာအော်လိုက်သည်။

"ပေါင်ပေါင်!"

ရှောင့်ကျန့်ကိုမျက်လုံးဝိုင်းလေးတွေနဲ့လှည့်ကြည့်တဲ့
ပေါင်ပေါင်...
ထိုစဉ်မှာပဲအရှိန်နဲ့လာတဲ့ ကားလေးတစ်စီး...
မျက်စိတစ်မှိတ်အတွင်းမှာပင် ပေါင်ပေါင့်ကိုယ်လေးကလေထဲမှာလွင့်ကနဲ...

"အားးးး!ပေါင်ပေါင်လေး"

မျက်လုံးကဖျတ်ကနဲပွင့်လာပီးမှအိမ်မက်မှန်းသိတော့
သည်။ချွေးတောင်စို့တယ်ပေါင်ပေါင်ရယ်အိမ်မက်ထဲ
ထိငြိမ်ငြိမ်မနေတာပဲ။

ရင်ဘတ်ကိုခပ်နွေးနွေးအပူငွေ့လေးဟပ်နေတာကြောင့်ငုံ့ကြည့်တော့ စောင်အောက်မှာတခုခုပဲ။
ခပ်ကွေးကွေးလုံးလုံးသဏ္ဍာန်ကြီးကြောင့်လန့်ဖြန့်သွားရသည်။

ရှောင်းကျန့်စောင်ကိုဖြေးဖြေးချင်းဆွဲချတော့ ခေါင်လုံးလေး ထပ်ဆွဲချတော့ ဖြူဥဥမျက်နှာလေးတစ်ခု...။
ရင်ထဲဒိန်းကနဲဖြစ်သွားပီး စောင်ပြန်အုပ်ကာ
မျက်စိကိုဖိပွတ်သည်။
ပီးတော့ပြန်လှန်ကြည့်တယ်။

"အားးးးးး!"

Vocalအမြင့်ဆုံးထိအော်လိုက်မိတယ်ထင်တယ်
သူ့ဘေးကကောင်လေးကငုတ်တုတ်ထထိုင်သည်။
ပီးတော့ရီပြနေသေး။

"မင်း...မင်း ဘယ်သူလဲ"

"ပေါင်...ဝမ်...ဝမ်ပေါင်ပေါင် ပေါင်ပေါင်"

"ဘာ!!!"

အားယူသလိုနဲ့တစ်လုံးချင်းပြောလာတဲ့စကားကြောင့်
အနောက်ကိုတောင်နဲနဲဆုတ်မိသွားသည်။
ပေါင်ပေါင်ဘယ်လိုဖြစ်နိုင်မှာလဲ...။

If I'm Your Meow! [ Complete ]Where stories live. Discover now