အိပ်ယာထခြင်း

7.6K 880 3
                                    

[Zawgyi Version]





"ထတော့ ၀က်ငပျင်းလေး"


"အိပ်ချင်တယ်
မထချင်ဘူး"



မင်းနိုးရင်စားပေါ့

"ဘာပဲ ဖြစ်ဖြစ်"



[Unicode version]

ကျွန်တော် လုနင် ကိုသဘောကျတယ်။
ကျွန်တော်က လိင်တူချစ်သူ ဆိုပေမဲ့ မျိုးနွယ်တူရှာတဲ့နေရာမှာတော့အရည်အချင်းမရှိဘူး။
အဲ့ဒါကြောင့် လုနင် ဟာကျွန်တော့်လိုပဲလားဆိုတာမသိဘူး။

ကျွန်တော့်ခံစားချက်တွေကို လုနင် မသိစေရဲပါဘူး။
သူငယ်ချင်းအဖြစ်နဲ့တောင်ရှိခွင့်မရမှာကြောက်တယ်။

ကျွန်တော်လုပ်နိုင်တာတစ်ခုက သူ့ကို အတတ်နိုင်ဆုံး အလိုလိုက်ဖို့ ပဲ။
မျှော်လင့်မိတာကတော့ သူကျွန်တော့်ကိုသူ တာဝန်ယူခိုင်း လာဖို့ရယ် ၊ နောက်ဆုံးပြန်ကြိုက်လာဖို့ရယ်ပဲ။

ရှောင်း နင်နင် မနက်ပိုင်း အိပ်ပုပ်ကြီးနေရင် များ သူလောက်ချစ်ဖို့ကောင်းတဲ့သူမရှိတော့ဘူး။
မထချင်လို့ ညည်းညူပြီး တစ်ကိုယ်လုံး တွန့်လိမ်နေတတ်တယ်။
မနက်တိုင်းကျွန်တော်သူ့ကိုအတင်းထခိုင်းရတယ်။
ကျွန်တော်ကတော့ နှိုးပေးရတာအရမ်းကြိုက်တာပေါ့။

"ထတော့ ဝက်ငပျင်းလေး"

ကုတင်အပေါ်ထပ်ထိရောက်အောင်အရပ်ရှည်ခြင်းအကျိုးအားကြောင့် သူ့နားထဲကိုစကားပြောရင်းသူ့နှာခေါင်းလေးကို လွယ်လွယ်လေးဖြစ်ညှစ်လိုက်လို့ရတယ်။

"အိပ်ချင်တယ်
မထချင်ဘူး"

လုနင်ကတော့ မကျေမနပ်နဲ့ငြီးတွားနေလေရဲ့။
သူ ကျွန်တော့်လက်က ရုန်းပြီးတော့ နံရံဘက်ကိုလှိမ့်သွားတယ်။
ကျွန်တော့်ဆီကပုန်းဖို့သူ့ကိုယ်လေးကိုကွေးထားသေးတယ်။

သူ့ တင်ပါး လေးကိုကြည့်ပြီး ကျွန်တော့်လက်မဲကြီးကိုမနည်းတားထားရတယ်။

"အဲ့ဒါဆိုလည်း ငါမင်းတွက်မနက်စာဝယ်လာပေးမယ်
မင်းနိုးရင်စားပေါ့
နေ့လည်ကျရင်ရောဘာစားမလဲ
အတန်းပြီးရင်ဝယ်လာပေးမယ်"

"ဘာပဲ ဖြစ်ဖြစ်"

အိပ်ပုပ်ကြီးတဲ့ လုနင် ကဖြေတယ်။

အဆောင်ထဲကအခြားနှစ်ယောက်ကတော့ ကျွန်တော်တို့ကိုကျင့်သားရနေပြီ။
သူတို့ဘာသာသူတို့ သာသာယာယာပဲ အပြင်သွားဖို့ပြင်ရင်းအလုပ်များနေတတ်တယ်။
ခန့်မှန်းရသလောက် သူတို့ကတော့ကျွန်တော် လုနင် ကိုကြိုက်နေတာ သိမယ်ထင်တယ်။
လုနင် ဆိုတဲ့အရူးလေးပဲမသိတာ။

ဖြောင့်လွန်းလို့ခက် 《​ဖြောင့်လွန်းလို့ခက်》 < 2 Ver>Where stories live. Discover now