အပိုင်း ၄

4.7K 259 5
                                    

ရှောင်ဟုန် သတိမေ့နေသည်မှာ၃ရက်ပင်
ရှိနေပြီဖြစ်သည်....

မင်းတို့ဟာက ဟုတ်ကောဟုတ်ရဲ့လား

သ သခင်လေးက သတိမေ့နေတာပါ

အေ့လေ ၃ရက်ပင် ကြာနေပြီကို
အဲ့လောက်ကြာစရာလိုလို့လား

ဒါ ဒါကဖြစ်တတ်ပါတယ်

ဝူရှဲ့သမားတော်ကို မကျေမချမ်းဖြစ်ကာ
ကြိမ်းမောင်းနေခြင်းပင်

ပြီးရော သွားတော့

ဟုတ် ဟုတ်ကဲ့

သမားတော်ထွက်သွားတော့ ဝူရှဲ့
ရှောင်ဟုန်ရှိရာကုတင်ဘေးထိုင်ချကာ
ငေးကြည့်နေသည်

အင်း..

ငြီးစီစီအသံလေးနဲ့အတူ ရှောင်ဟုန်
သတိရလာသည်

မင်း နိုးပြီလား

ဟင် ခွေး ခွေးကောင် လူယုတ်မာ

အသံကတိုးငြင်းနေပေမယ့်အနားကပ်နေတဲ့
ဝူရှဲ့ကတော့ ပြတ်သားစွာကြားနေရသည်

အာ မင်းကဆဲနိုင်သေးတာပဲ

မင်း ကလူမဟုတ်ဘူး

လူမဟုတ်တော့ဘာကြီးလဲ

ခွေး

အာ ငါကခွေးဆိုတော့ မင်းကခွေးနဲ့
လက်ထပ်ထားတာပေါ့

မင်း မင်း

မဆူစမ်းနဲ့ ၃ရက်လောက်သတိမေ့နေတာ
ဗိုက်ဆာနေရောပေါ့ ငါစွတ်ပြုတ်လုပ်ခိုင်း
ထားတယ် သွားယူခိုင်းလိုက်မယ်

ဟေ့အရှေ့မှာတယောက်ယောက်ရှိလား

ဟုတ်ကဲ့ သခင်လေးဝူ

သွားစာဖိုဆောင်က စွတ်ပြုသွားယူခဲ့

ရှောင်ဟုန်သတိမေ့စဉ်ထဲက နေ့တိုင်းပင်
စွတ်ပြုတ်ချက်ခိုင်းထားခြင်းဖြစ်သည်
ဘယ်ချိန်သတိရမလဲမသိတာမို့
ကြိုပြင်ထားခိုင်းခြင်း....

မင်း အားပြတ်နေရောပေါ့

ယီး အဲ့တာမင်းကြောင့်လေ

အင်းပါ အင်းပါ ချစ်ဇနီးလေးရယ်

ယီးကို ဇနီးပါလား ငါကယောက်ျားလေး

အယ် ဒါဆိုဘယ်လိုခေါ်ရမှာ

ဘာမှမခေါ်နဲ့ အနားလည်းမကပ်နဲ့

ကမ္ဘာ ခြားလည်းချစ်နေမယ်Where stories live. Discover now