There is only one I like you

7.1K 877 21
                                    

( Unicode)

အလုပ်သွား ခံနီး ဧည့်ခန်း ကနေ ထွက်မယ်
အလုပ် တွေ့လိုက်ရတဲ့ piano တလုံး ကြောင့် ညက ကောင်လေး စာကို သတိရမိ
လျက်.........

"pianist တစ်ယောက်လား?? "

ထို piano အနားသွားပြီး လက်ဖြင့် ထိကာ
အောက်က သံစဉ် မြည်တဲ့ keyboard
လေးတွေကို လက်ဖြင့်တီးကြည့်မိတော့
မကြားရတာ ကြာပြီဖြစ်တဲ့ သံစဉ်လေးကို
မျက်လုံး မှိတ်ပြီး ခံစား မိလျှက်......

"piano ကို ပြန်တီးမလို့လား?? "

အနောက်ကနေ မေးလာတဲ့ TaeHyung
ရဲ့အမေးကြောင့် keyboard ပေါ်တွင်
ပြေးလွှားနေတဲ့ လက်ကို ရပ်လိုက်ပြီး

"အင်း... ငါစိတ်ပါခဲ့ ရင်ပေါ့ "

အလုပ်သွား ရန်ခြံရှေ့က ကားပေါ်ကို တက်
လိုက်သည်။

"သူဌေး ဒီည အလုပ်ဆက်တူ လုပ်တဲ့
ကုမ္မဏီက party ရှိတယ်"

"အင်း... "

"သူက အရင်တခါက model လုပ်ဖူးတဲ့
လူကိုခေါ်လာခဲ့ပါတဲ့"

"model ?? ကောင်လေးကိုလား"

"ဟုတ်ကဲ့ သူဌေး "

"ဘာ အတွက်ကြောင့် သူ့ကိုပါ ခေါ်ရတာလဲ"

"ကျွန်တော်လဲ သေချာမသိဘူး "

TaeHyung အဖြေကို တချက်နားထောင်
ပြီး ညာလက်က စာရွက်ကို ကိုင်ကာ သေချာ
ဖတ်လိုက်သည်။

"Han Young Jae က ကောင်လေးကို
ခေါ်ခိုင်းတာ သိပ်မရိုးဘူး "

ထိုလူနဲ့ ချူပ်ဆိုထားသည့် စာချူပ်က သဖန်ခါ
ဆိုလျှင် စာချူပ်က ပြည့်တော့မည်။ သူ့ကို
သဘောမကျသောလည်း သူ့အလုပ်ပုံ ကိုင်
ပုံကို သဘောကျမိတာကြောင့် စာချူပ်ကို
ချူပ်ခဲ့ခြင်းဖြစ်သည်။

------------

"Jimin ကို ညကျရင် ငါနဲ့အတူ သွားစရာ
ရှိတယ်လို့ ပြောပေး "

"အခုလား "

"မင်းက အခု မပြောချင်လို့ မနက်ဖြန်မှ ပြော
ချင်တာလား "

"မဟုတ်ဘူးလေ သူဌေး ကျွန်တော်က "

"မြန်မြန် သွားပြော "

"ဟုတ်ကဲ့ "

လုပ်လက်စ အလုပ်တွေကို ချထားလိုက်ပြီး
ညာဘက်က လက်ပတ်နာရီကို ကြည့်မိ
တော့ အချိန်က 8 နာရီ ထိုးနေပြီ ပွဲက 8 ခွဲ
ဆိုစမည် ဆိုသောကြောင့် မြန်မြန် အခန်းထဲ
မှ ထွက်လာလိုက်သည်။

Baby Boo 지민  ( Completed ) Where stories live. Discover now