Part-9 (Zawgyi & Unicode)

1.8K 349 15
                                    

(Zawgyi)

"July လထဲမှာ JLPTရှိတာ သိကြမှာပေါ့၊ ဆရာကတော့ 5သမားလည်းဖြေစေချင်တယ်နော်။ မင်းတို့က အတန်းတွေတက်ရမှာမို့ N4ဆက်မတက်ရင် စာတွေမေ့သွားကြမှာ"

Jun Myeonတို့အားလုံး ခပ်ပြုံးပြုံးနားထောင်နေကြသည်။ ဆရာပြောတာဟုတ်သည်။ ကျောင်းစာတောင်ပျင်းနေတာ ဘာသာစကားကိုနေ့တိုင်းလေ့ကျင့်ဖြစ်ဖို့က အလှမ်းဝေးသည်မဟုတ်လား။

"မင်းတို့ လိုအပ်တာရှိတိုင်း ဆရာ့ကိုဆက်သွယ်နိုင်ပါတယ် ။လပိုင်းလေးပေမဲ့ ဆရာ့အတွက် တကယ် တပည့်ကောင်းတွေပါပဲ။ ကျေးဇူးတင်ပါတယ်။"ဆရာက လက်နှစ်ဖက်ကိုဆန့်တန်းကာချလို့ ကျေးဇူးတင်းကြောင်းပြောကာ အရိုအသေပေးတော့ Jun Myeonတို့လည်း မတ်တပ်ရပ်ကြကာဆရာ့ကိုအရိုအသေပေးသည်။

ဆရာ့ပုံစံက တကယ်Smartဖြစ်သည်ဟု Jun Myeonကထင်သည်။ ဝတ်စားမှုတွေ အရမ်းတင့်တယ်နေတာမျိုးမဟုတ်ပဲ နေပုံထိုင်ပုံ ပြောပုံဆိုပုံတွေက လူကြီးလူကောင်းဆန်သည်။ တခြားနေရာမှာ ဆရာ့ပုံဘယ်လိုနေသည်လည်းမသိပေမဲ့ Jun Myeonကတော့ ဆရာ့ကိုလေးစားပါသည်။

တကယ်တော့ ဒီရက်တွေအတွက်Baekhyunကိုကျေးဇူးတင်မိသည်။ Jun Myeonရဲ့ ဘဝက လတ်တလောအရမ်းပြောင်းလဲသလိုပါပဲ။ အရင်ကထက် ဘဝကိုပိုလေးလေးနက်နက်ဖြတ်သန်းချင်လာသည်။ Zhang Yixingအနားမှာရှ်တိုင်း Jun Myeonပျော်ရသလို ပိုပြီး ကြိုးစားချင်သည်။ သူရော Zhang Yixingရော ကောင်းမွန်ပြီးအခြေကျတဲ့ ရပ်တည်မှုတွေဆီ အတူတူသွားနိုင်ရင် ကောင်းမှာပဲ ဆိုတဲ့အထိ Jun Myeonက ခိုးခိုး တွေးထားဖူးသည်။

မရှက်တမ်းဝန်ခံရရင် Jun Myeon ပြောင်းလဲချင်သည်။
စာမေးပွဲတွေ ကျမှာရှက်လာသည်။အရင်လို အလုပ်မရှိအကိုင်မရှိ Onlineမှာပဲ ဝေဖန်ရေးလုပ်နေရတာကို မပျော်တော့။
ပိုပြီးသပ်သပ်ရပ်ရပ်နေချင်လာသည်။လူရာပိုဝင်ချင်လာသည်။
Zhang Yixingအနားမှာရှိနေရင်း Zhang Yixingအတွက်ဂုဏ်ယူရတဲ့ သူဖြစ်ချင်သည်။လောလောဆယ်တော့ သူငယ်ချင်းအဖြစ်ပဲ ဖြစ်ဖြစ်ပေါ့။

Baekhyunကတော့ ခုတလော Jun Myeonအရမ်းငြိမ်နေသည်ဟုပြောသည်။ တကယ်တော့ Jun Myeonစစ်တုရင်ကစားနည်းတွေပဲထိုင်ကြည့်နေတာပင်။ဝါသနာမပါပေမဲ့ ဒါတွေကြည့်နေရင်းဖြစ်ဖြစ် Zhang Yixingကိုတွေးမိတဲ့အခါ အပြုံးတွေမရပ်တန့်နိုင်ခဲ့ပါ။

အချစ်​ဦး / အခဈြဦး S 1Where stories live. Discover now