🐖 Episode ㅡ 7 🐋

339 45 12
                                    

Tiffany တစ်ယောက် ကော်ဖီဆိုင်ထဲ ဝင်လိုက်ပြီးသည်နှင့် သူမကို ဖိတ်ကြားထားသော တစ်နည်းအားဖြင့် သူမက ပြန်လည် ဖိတ်ကြားလိုက်သော အမျိုးသမီးကို ဆိုင်ထဲရှိ ဝိုင်းများထဲတွင် ဝေ့ဝိုက် ရှာလိုက်လေသည်။ သို့သော် ထို အမျိုးသမီးနှင့် တူသည့် အရိပ် အယောင်ပင် ဆိုင်ထဲ မတွေ့သည့် အပြင် ဆိုင်ထဲမှာ ဘယ်သူမှ ရှိ မနေသဖြင့် သူမလည်း နည်းနည်းတော့ ကြောင် တောင်တောင် ဖြစ်သွားကာ ဝင်ပေါက်နားက ဝိုင်းမှာ ထိုင်လိုက်ပြီး ထို အမျိုးသမီး အလာကို စောင့် နေလေတယ်။ ထိုစဉ် အချိန်မှာပဲ မျက်လုံးက အပြင်ကို ဝေ့ ဝိုက် ကြည့်မိတော့
ပန်းခုံနားမှာ style ကျကျ ရပ်ကာ နဲ့ နိုင်ငံခြားမလေးတွေနဲ့ စကားပြောနေတဲ့ ကိုလေဆာ ကို မြင်လိုက်တော့ စိတ်ထဲ တစ်ခုခုကို စိုးရိမ် သလိုလို ဘာလိုလို ဖြစ်နေစဉ်မှာပဲ သူမ ရှေ့က ခုံ တစ်ခုံ ဆွဲယူသံနဲ့ အတူ အရိပ်တစ်ခုကို ဘယ်ဘက် မျက်လုံး ထောင့်စွန်းကနေ ဖြတ်ခနဲ မြင်လိုက်လေတယ်။ သူမလည်း ဆတ်ခနဲ လှည့်ကာ သူမ ဝိုင်းမှာ ဘယ်သူ လာ ထိုင်တာလည်းဆိုပြီး ကြည့်လိုက်တော့ ထိုသူက အပြုံး တစ်ခုနဲ့ အရင် ကြိုဆိုလိုက်ပြီး………

" Hay Sorry နော် ကားတွေ ကြပ်နေတော့ hee နည်းနည်း နောက်ကျ သွားတယ် "

ထိုသူမှာတော့ တခြားသူမဟုတ် သူမ စောင့်ဆိုင်းနေခဲ့တဲ့ သူမနဲ့ ရင်းနှီးသော သူစိမ်းပင်။

Tiffany - " arrrr ရပါတယ် sica shi Fany လည်း စောနကမှ ရောက်တာပါ "

Tifany လည်း Jessica ဆိုတော့မှ စောနက ရန်ရှာဖို့ ပြင်နေတဲ့ ရုပ်ကနေ မျက်လုံးများ ပိတ်သွားသည်အထိ ပြုံးပြလိုက်တာ ပြောလေတယ်။

Jessica - " Arrr hee ဟုတ်ကဲ့ပါ Tiffany…… Ohhh ခဏနော် Fany ကျွန်မ ကားထဲက တစ်ခုခု မေ့နေခဲ့လို့ ခဏလေးပါ "

Jessica လည်း Tiffany အဖြေကို မစောင့်ပဲ ကမန်း ကတမ်း ဆိုင်ထဲမှ ပြေး ထွက်သွားလေတယ်။ဘု မသိ ဘ မသိ ကျန် ခဲ့တဲ့ Tiffany မှာတော့ ကောင်တာဆီ ထသွားကာ သူမ ဖောက်သည် waiter မလေး ရှိမလားဟု သွား ကြည့်လေတယ်။

L.A Lovers ☑ Where stories live. Discover now