အပိုင်း(၂၉)

2K 173 3
                                    

Jin အလုပ်ကနေစိတ်ဖိစီးမှူတွေများစွာနဲ့ည၇နာရီခွဲ
လောက်အိမ်ပြန်ရောက်လာခဲ့သည်...သူအိမ်ထဲဝင်
တော့သူ့အိမ်သူသက်ထားလေးက ဆိုဖာပေါ်ထိုင်စားပွဲ
ပေါ်ခြေနှစ်ဖက်တင်ပြီးပေါက်ပေါက်စားကာ Tv ကြည့်
နေ၏..သူလာမှကမန်းကတန်းကုန်းရုန်းထပြီးလက်ထဲ
ကလက်ဆွဲအိတ်တွေဘာတွေလာဆွဲရင်း

Kook - Oppa ပြန်လာတာနောက်ကျတယ်နော်
ဘာလုပ်နေတာလဲ အလုပ်များနေတာလား ထမင်း
စားတော့မလား ခူးပေးမယ်လေ...Oppa ကြိုက်တာ
ချက်ထားတယ်လေ....

Jin - မစားတော့ဘူး သွားနားတော့မယ်

Kook - ဩော် အင် အင်....

Jin အပေါ်ထပ်ကိုတက်သွားတော့ Kook မီးဖိုခန်း
ထဲလာရင်းအုပ်ဆောင်းထဲကဟင်းတွေကိုသွန်ပစ်နေ
ရသည်....

Kook - အကုန်သွန်ပစ်ရတော့မယ် အပြင်မှာများစား
လာလားမသိဘူး....

Kook - တကယ်ပဲ....စေတနာကိုထားလို့မရတာ

Kook - လက်အပူလောင်တာလက်ဓားရှတာတောင်
မတန်ဘူး ချီးထုတ်လဒ အကျင့်မကောင်းတဲ့လူကြီး

Kook - အံမလေး ကန်တော့ ကန်တော့...ငါ့ထက်
၇နှစ်လောက်တောင်ကြီးတာကိုပြောနေတာရစရာမရှိ
ဘူး ငါတော့သေတော့မှာပဲ

ဟင်းတွေကိုသွန်ပစ်ရင်းဘေစင်မှာပန်းကန်တွေဆေး
ကာပါးစပ်ကပွစိ ပွစိ....

Jin အိပ်ယာပေါ်ခြေပစ်လက်ပစ်ပက်လက်လန်လှဲအိပ်
လိုက်ပြီးသက်ပြင်းရှည်ကြီးချလိုက်သည်..ပြီးတော့ဘေး
တိုက်လှည့်ပြီးသူဖက်နေကျအရုပ်ကိုဖက်ဖို့ရှာတော့မရှိ

Jin - ဟင်!ငါ့ Mario ကော???

အရုပ်ပျောက်လို့အခန်းတစ်ခုလုံးကိုမြေလှန်ရှာသော်လဲ
မတွေ့မွေ့ယာကိုလှန်ကြည့်သည်မတွေ့...ဘီရိုတွေကို
လဲဖွင့်ကြည့်သည်မတွေ့.....

Jin - ထူးဆန်းတယ် ဘယ်ရောက်သွားတာလဲ???
Kook များသိမလား မသိဘူး....

"Kook ရေ Kook ရေ "

Jin လှမ်းခေါ်တော့အောက်ထပ်မီးဖိုချောင်က Kook
အာပြဲနဲ့ပြန်ထူး၏....

"Nae Opppa...."

Jin - အပေါ်ထပ်တက်ပြီးအခန်းထဲလာဦးခဏ

ကျွန်တော့်ရဲ့ပြာကလပ်စိန်သတို့သမီးလေး(Pt.2)Where stories live. Discover now