Chapter 106

549 91 0
                                    

Unicode

ကျင်းကျန်းကျူက ကုကော်အန်းဆီကနေ ထွက်ခွာလာပြီးနောက်မှာ သူမက လူချမ်းသာဇနီးအဖြစ် နှစ်အနည်းငယ်ကြာအောင် ကောင်းမွန်စွာ နေထိုင်နိုင်ခဲ့တယ်။

ကောင်းမွန်တဲ့အချိန်လေးတွေက သိပ်မကြာလိုက်တာတော့ သနားစရာပင်။

နိုင်ငံခြားတိုင်းပြည်တွေမှာက ဆံပင်ရွှေရောင်နဲ့ ခပ်ဟော့ဟော့မိန်းကလေးတွေ ရှိတယ်။ သွေးဆောင်ဖြားယောင်းမှုတွေ အရမ်းများလှတယ်။ ထိုအချိန်မှာ သူမကတော့ ကုမျန်ကို မွေးဖွားထားခဲ့ပြီးတဲ့သူ ဖြစ်တယ်။သူမက ရွယ်တူချင်းထက်တော့ မြင့်မားပေမယ့်လည်း သူမကို ဆယ်ကျော်သက်မိန်းကလေးတွေနဲ့ ယှဉ်ရင်တော့ နိမ့်ကျလေတယ်။

ဆံပင်အနက်နဲ့ မျက်၀န်းညို အာရှမိန်းကလေးတွေကို ပိုမြင်ဖူးသူ တစ်စုံတစ်ယောက်အတွက်၊ သဘာဝရွှေရောင်နဲ့ မျက်၀န်းပြာမိန်းကလေးတွေက ပိုအသစ်အဆန်းဖြစ်တယ်လို့ ခံစားရစေတယ်။ ဒါကြောင့် သူမကို ချန်ရစ်ထားခဲ့ဖို့က အချိန်သိပ်မကြာလိုက်ဘူး။

အငယ်ဆုံးသမီးလေးကိုမွေးပြီး သိပ်မကြာခင်မှာပဲ သားတစ်ယောက် မမွေးဖွားရ‌သေးတာကြောင့် ထိုလူက သူမနဲ့ကွာရှင်းဖို့ လျှောက်ထားခဲ့တယ်။

ဒီလိုကြီးကျယ်ခမ်းနားတဲ့‌ နေထိုင်မှုဘ၀ကို သူမ မစွန့်လွှတ်ချင်တာကြောင့် လူချမ်းသာရဲ့ဇနီးဖြစ်တဲ့ မစ္စရာထူးကို သိမ်းပိုက်ထားခဲ့ပြီး ကွာရှင်းဖို့ ငြင်းဆိုခဲ့တယ်။

ဒါပေမယ့် နောက်ပိုင်းမှာ ထိုလူက ပိုလွန်လာပြီး သွေးနှောတဲ့ တရားမဝင်ကလေးတွေအများကြီး ရှိလာတယ်။ သူမ ထပ်သည်းမခံနိုင်တော့လို့ သမီးငယ်လေး အသက်ဆယ့်နှစ်နှစ်အရွယ်မှာ ထိုလူနဲ့ကွာရှင်းခဲ့တာဖြစ်တယ်။

သူမက နိုင်ငံခြားမှာ နှစ်အတော်ကြာနေခဲ့ပေမယ့်လည်း၊ ရိုးသားတဲ့ သူငယ်ချင်းအနည်းငယ် ဒါမှမဟုတ် ဘယ်ရှေ့နေကောင်းကိုမှ မသိခဲ့ပေ။

ဒါကြောင့် တစ်ဖက်လူက အရင်ဖောက်ပြန်ခဲ့တာဖြစ်ပေမယ့် အဆုံးမှာတော့ သူမကသာ ဘာအကျိုးအမြတ်မှ မရခဲ့ဘဲ အိမ်ကိုပါ ဆုံးရှုံးသွားခဲ့တယ်။

ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်တစ်အုပ်ထဲကို ကူးပြောင်းသွားတယ်Where stories live. Discover now