အခန်း - ( ၁၆ )【 U 】

1.5K 236 7
                                    

『 လူပျိုဖော်ဝင်ချိန်ဟော်မုန်းဓာတ်များ။ 』

__________________________________

နောက်တစ်နေ့နံနက်တွင်လင်းယို့သည်ဆေးရုံမှဆင်းခဲ့ပြီး ၊ သူ၏လွတ်လပ်မှုကိုပြန်လည်ရရှိသည့်ပထမဆုံးနေ့၌လင်းယို့မှာကမ္ဘာမြေကိုဖြန့်ကျက်ကျရောက်လျက်ရှိသောနေ​ရောင်ခြည်ကိုတဖန်ပြန်လည်ခံစားနိုင်ခဲ့သည်။
လင်းယို့သည်ပျော်ရွှင်ဝမ်းမြောက်မှုနှင့်အတူငိုကြွေးမိလုမတတ်ဖြစ်ရကာဆေးရုံ၏လှေကားထစ်များတွင်ပင်ခုန်လှုပ်ရမ်းနေခဲ့သော်ငြား ၊ ကံမကောင်းအကြောင်းမလှစွာဖြင့်သူအကြိမ်ရေအနည်းငယ်မျှပင်ခုန်ရသေးချိန်တွင်အစ်ကိုဖြစ်သူကခါးသက်ကြေကွဲဖွယ်စကားကိုဆိုလာ၏။

အမျိုးသမီးကျန်နျန့်မှာသူမ၏အငယ်ဆုံးသားဖြစ်သူလေးဆေးရုံမှဆင်းသည့်အကြောင်းကိုဝမ်းသာဝမ်းမြောက်စွာနားဆင်ပြီးချိန်တွင် ၊ သူမ၏ဒုတိယသားဖြစ်သူထံသို့မိုင်ထောင်ချီကွာဝေးရာမှနှုတ်ဆက်စကားအနေဖြင့်သူမ၏တတိယသားလေးကိုကျောင်းသို့ပြန်ပို့ပေးရန်ပန်ကြားလိုက်သည်။
ယခုသွားလျှင်မွန်းလွဲချိန်အတန်းကိုမှီနိုင်သေးသည်ဟူ၍ပင် ၊ ယင်းကိုကြားလိုက်ရခိုက်၌လင်းယို့၏မျက်နှာမှာမယုံကြည်နိုင်ကြောင်းအပြည့်ရေးသားထားလျက်ယိုယွင်းပြိုလဲသွားရတော့၏။

" သူ(မ)သားကခက်ခက်ခဲခဲနဲ့ပြစ်ဒဏ်ကျနေရာကနေလွတ်မြောက်လာတာကို ၊ သူ(မ)ကတော့ကျွန်တော့်စိတ်ပိုင်းဆိုင်ရာကိုဂရုမစိုက်ဘဲကျွန်တော့်ကိုကျောင်းပြန်တက်ခိုင်းဖို့အကြောင်းတွေးနေတယ်ပေါ့ ?"

လင်းယို့၏အသံမှာရှစ်သံတွဲ(octave)နှယ်မြင့်တက်သွားကာ -

" သူ(မ)ကစစ်မူ*ရောဟုတ်သေးရဲ့လား ?!"
[ * : နွေးထွေး ၊ ကြင်နာ ၊ ဂရုစိုက်သောအမေ။ ]

လင်းစစ်ယွီသည်ဖုန်းကိုဘေးချလိုက်ပြီးညီဖြစ်သူကိုစာနာသနားစွာကြည့်ပြီး -

" အစ်ကိုတို့အမေကဘယ်တုန်းကမှစစ်မူမဟုတ်ခဲ့ဘူးလေ ၊ လက်လျှော့လိုက်ပါ။ အစ်ကိုအထက်တန်းတတိယနှစ်တက်ခဲ့တုန်းကလည်းဒီလိုပဲ ၊ အမျိုးသားနေ့မှာအတန်းသွားမတက်ခိုင်းတာကတင်မင်းကိုတရားလက်လွတ်ညှာတာပေးထားတာဖြစ်နေပြီ။ "

ထိပ်တန်းဖြားယောင်းမှုနည်းလမ်းသွယ် || ဘာသာပြန်Where stories live. Discover now