Part - 27

440 44 4
                                    

Uni

ဝမ်ရိပေါ်နှိုးလာတော့ သူရင်ဘတ်ကို တစ်ခုခုပိနေသလို ခံစားလိုက်ရတယ် ။

" ဟမ် ရှောင်းကျန့် "

ပါးစပ်ဟပြီးတော့ သေ‌ေရတွေနဲ့ အိပ်နေလိုက်တာ ။

" ထထ ခင်ဗျား ထတော့ "

" ဟင့် ... အင်းးး "

" ထလို့ .... အေးနေတော့မှာပဲ "

ဝမ်ရိပေါ်က ရှောင်းကျန့်ကို ပုခုံးဆွဲလှုပ်နှိုးလိုက်တယ် ။

" ထတော့ နောက်ကျနေပြီ! "

" ဟင့် ... အမ်းးးး ... ဝှားးးး ဟွန့်! ထပြီ "

ရှောင်းကျန့်က အိပ်ချင်မူးတူးနဲ့ သူပေါ်က ဖယ်ကာ ကုတင်ပေါ်ကို တက်သွားတယ် ။ ဘာလား ပင်ပန်းတာက ဘယ်သူလဲ ။

" ဟ! ထပ်မအိပ်နဲ့တော့လေ! "

" အိပ်ချင်တုန်းပဲ "

" မအိပ်နဲ့တော့ "

" ဇွတ် ထပြီ! "

ဝမ်ရိပေါ်ကို မျက်စောင်းထိုးကာ မျက်နှာသစ်ရန် ရေချိုးခန်းထဲ ဝင်သွားလိုက်တယ် ။

" ရေချိုးရင် မြန်မြန်လုပ်နော်! "

" အေး သိတယ်! "

ရေချိုးခန်းထဲ ဝင်သွားတဲ့ရှောင်းကျန့်ကို တစ်ချက်ကြည့်ပြီး ကုတင်ပေါ်က စောင်တွေကို ယူခေါက်လိုက်တယ် ။

လော့ချထားတဲ့တံခါးကိုလည်း မြန်မြန်သွားဖွင့်ထားလိုက်တယ် ။

မျက်နှာသစ်ဆိုပြီး ရေချိုးခန်းထဲက ထွက်မလာသေးတဲ့ရှောင်းကျန့်ကို လှမ်းအော်ဖို့လည်း မမေ့ ။

" ငါးမိနစ်ရှိပြီနော် ခင်ဗျား ရေပါချိုးနေတာလား! "

" ဟုတ်တယ်! "

" အော် အင်း အကြာကြီးလုပ်ပြီး ရေစိမ်မနေနဲ့နော်! "

ဒီဝမ်ရိပေါ်က သူကို တတွတ်တွတ်နဲ့ သူအမေကြီးကျလို့ ။ ရှောင်းကျန့် ခေါင်းခါကာ ခေါင်းကို အသေအချာလျှော်လိုက်တယ် ။ ဝမ်ရိပေါ်က ဂရုစိုက်တာတော့ ဟုတ်ပါပြီ ။ ဒီလိုဂရုစိုက်တာကျ မဟုတ်သေးပါဘူး ။ ရေချိုးတာတောင် အချိန်နဲ့ ။

" ပြီးပြီ! "

" ကျုပ်ရေချိုးအုံးမယ် ခနစောင့်အုံး "

𝖫𝗈𝗏𝗂𝗇𝗀 𝖳𝗁𝖾 𝖬𝖺𝗒𝗈𝗋 𝖶𝖺𝗇𝗀'𝗌Where stories live. Discover now