-1

23 1 0
                                    

J hope

Hoseok  မိဘတွေနဲ့စကားများကာအိမ်ကထွက်လာခဲ့တာ ။ အစကတော့အိမ်ကထွက်လာတော့ပိုက်ဆံယူချိန်မရလိုက်ဘူး ။ လက်ထဲမှာကနောက်ဆုံးတစ်ခေါက်သူ့အဖေသူ့ကိုပေးထားတဲ့ Bank card ပဲ ရှိတယ် ။ အဲ့ဒိထိကအဆင်ပြေသေးတယ် ။ နောက်တော့သူ့အဖေကသူ့ card ကိုပိတ်လိုက်တာမလို့လမ်းဘေးမှာဒုက္ခရောက်နေတယ် ။ အိမ်ကိုလည်းမပြန်ချင်တာမလို့ညဘက်တည်းလို့ရမယ့်နေရာရှာရင်း ကားမောင်းလာတယ် ။ အဲ့လိုနဲ့သူကိုယ်တိုင်‌သွားရင်း လူမရှိပဲ လူနေအိမ်ဆိုလို့အဲ့အိမ်အနားမှာ အဲ့အိမ်တစ်ခုပဲရှိတယ် ။ အချိန်ကိုကြည့်လိုက်တော့ ကိုးနာရီကျော်တောင်ရှိနေပြီ ။ ကားကလည်းဆီကုန်နေပြီအဲ့အိမ်မှာတစ်ညနေဖို့ဆုံးဖြတ်ကာ ခြောက်ခြားဖွယ်ကောင်းသောအိမ်ကိုရောက်ရှိလာတယ် ။

Suga and Jungkook

Yoongi - Park jimin မင်းအရမ်းရက်စက်တယ် မင်းကိုငါသေလောက်အောင်ချစ်မှန်းသိရဲ့သားနဲ့ငါ့ကိုထားခဲ့ရက်တယ် ။

ဆိုကာအရက်မူးပြီးလမ်းပေါ်မှာအော်နေတဲ့ Yoongi ၊ သူ့ဘေးမှာသူနဲ့အတူမူးနေတဲ့သူ့သူငယ်ချင်း jungkook ။

Jungkook - Kim taehyung ခင်ဗျားအရမ်းလွန်တယ် ခင်ဗျားကိုကျွန်တော် မညည်းညူနဲ့ ၆ လလောက်လိုက်ပိုးခဲ့တဲ့သူပါ အဲ့တာကိုကျွန်တော်က တစ်ခါလေးသဝန်တိုမိတာ ကျွန်တော့်ကိုငြင်းတယ် ခင်ဗျားမှာနှလုံးသားကောရှိရဲ့လား ။

သူတို့နှစ်ယောက်ရဲ့ဇာတ်ကြောင်းကိုပြောပြရမယ်ဆို Yoongi ကနေစပြောရမယ် ။ သူ့မှာမိဘတွေမရှိတော့ဘူး ။ ဒါမဲ့သူ့မှာအသက်ထပ်ပိုချစ်ရတဲ့ park jimin ဆိုတဲ့ချစ်သူကောင်လေးရှိတယ် ။ အဖြစ်ပျက်ကတော့ Yoongi က အရမ်းချစ်တက်သလိုအရမ်းလည်းစိတ်ပူလွန်ပြီးချူပ်ချယ်မိတယ် ။ အဲ့လိုကိစ္စကများလာတော့ သူ့ကောင်လေး jimin ကသူ့ကိုသည်းမခံနိုင်တော့ဘူးဆိုကာ လမ်းခွဲစကားပြောပြီးထွက်သွားတယ် ။ သူအသဲကွဲနေရတဲ့အကြောင်းပြချက်ကတော့အဲ့တာပဲ ။ သူ့သူယ်ချင်း jungkook အကြောင်းပြောရမယ်ဆို jungkook က Yoongi ရဲ့ကျောင်းနေဖက်သူငယ်ချင်းဖြစ်တယ် ။ Yoongi ရဲ့ကောင်လေး Park jimin မှာ ငယ်သူငယ်ချင်း Kim taehyung ဆိုတဲ့ကောင်လေးရှိတယ် ။ Yoongi နဲ့ jimin ကသူတို့ကိုချစ်သူနဲ့မိတ်ဆက်ပေးမယ်ဆိုကာ‌ခေါ်လာကြချိန် jungkook က taehyung ကိုမြင်မြင်ချင်းချစ်မိသွားတယ် ။ အဲ့တာကြောင့် taehyung ကိုဖွင့်ပြောပြီးလိုက်ပိုး‌နေတာ ၆ လလောက်ရှိပြီ ။ taehyung ကတော့ jungkook ကိုခုချိန်ထိအဖြေကိုလက်ခံတာလည်းမဟုတ်သလို ငြင်းတာလည်းမဟုတ်ဘူး ။ ဒါမဲ့တစ်နေ့ jungkook က taehyung ကိုတခြားမိန်းကလေးတစ်ယောက်နဲ့တူတူတွေ့တယ် ။ နဂိုတည်းကသဝန်အရမ်းတိုတက်တဲ့ jungkook က အဲ့တာနဲ့ပတ်သက်ပြီး taehyung မေးတယ် ။ taehyung ကဘာမှပြန်မဖြေတော့ jungkook ကဒေါသထွက်ပြီးအော်လိုက်တာကနေပြသနာတက်ပြီး taehyung ကသူ့ကိုမချစ်ဘူးဆိုပာအပြတ်ငြင်းသွားတယ် ။ ဒါကတော့ jungkook အသဲကွဲနေရတဲ့အကြောင်းပြချက်ပဲ ။ သူတို့နှစ်ယောက်မူးနေတာနဲ့တွေ့ရာအိမ်ဝင်ကာအိပ်လိုက်တယ် ။ မူးနေရင်နှစ်ယောက်လုံးကလွတ်ကုန်တာမလို့သူတို့ဘာလုပ်လို့လုပ်မှန်းလည်းမသိဘူး ။ အဲ့လိုနဲ့ သူတို့နှစ်ယောက်ခြောက်ခြားဖွယ်အိမ်ကိုရောက်ရှိလာတယ် ။

ခြောက်ခြားစေသော ညတစ်ညWhere stories live. Discover now