💞 1 💞

286 23 6
                                    

💞 မောင့် သက်လျာ 💞 (gl) (1)

        " ဒုန်း...."

    သက် ..သက် ..သက်လျာ .....တံခါးဖွင့်သံနဲ့အတူတူ အခန်းဝကနေ အံဩတကြီးကြည့်ကာ သက်လျာနာမည်ကိုတောင်ဖြောင့်အောင်မခေါ်နိုင်တော့တဲ့အထိ ဖြစ်နေတဲ့ သက်လျာရဲ့မောင့် အတိအကျပြောရရင်တော့ သက်လျာရဲ့အချစ်ရဆုံးတစ်ဦးတည်းသောမောင့် သက်လျာရဲ့အမြတ်နိုးရဆုံးသော နန်းဧကရီမောင့် ....အတွေးတွေကိုခဏရပ်ကာ "အွန်း..ပြောလေမောင့် "  ကျောင်းဝတ်စုံးကိုပင် လဲခဲ့သည့်မပေါ်တဲ့ သက်လျာ သို့သော် မနက်ကဝတ်သွားတဲ့ အကျီအဖြူလေးမှာ အခုတော့ သွေးကြောင့်ဖြစ်ပေါ်နေတဲ့ အနီကွက်တွေနဲ့ အကျဉ်းတန်စွာ ... အမြဲလိုလိုပြုံးပြုံးလေးနေတတ်တဲ့ သက်လျာ အမြဲအေးချမ်းနေတဲ့သက်လျာရဲ့ မျက်နှာလေးတော့ အခုတော့ အေးချမ်းမှုတွေမရှိပဲ ဒေါသအရိပ်တို့ ဖုံးနေလျက်... မြေဖြူခဲကိုကိုင်ကာ ကလေးတွေကိုစာသင်ပေးနေတဲ့လက်က အခုတော့ သွေးစွန့်နေတဲ့ ဓါးကိုကျစ်နေအောင်ကိုင်ထားလျက် ...

" ဘာလိုလဲ သက်လျာ "

" ဘာကြောင့်သူ့ကို သတ်လိုက်ရတာလဲ ဟမ်း "

သက်လျာ အရှေ့ကကုလားထိုင်‌ပေါ်အသက်မရှိတော့တဲ့ထို့ယောကျာ်းကိုတစ်လဲ သက်လျာကိုတစ်လှည့်ကြည့်ရင် သက်လျာ ပုခုံးနှစ်ဖက်ကို ဖျစ်ညစ်ကာ မေးခွန်းများစွာ မေးနေတဲ့ သက်လျာရဲ့ မောင့်

" ဘာလိုလဲ ဟုတ်လားမောင့် "

လွန်ခဲ့သော 3 နှစ်ခန့် ...

"သက် လျာ "

" ပြောလေမောင့်ရဲ့ ☺️ "

မောင့် ခေါ်တယ်ဆို မောင့်ဘက်ကိုအသာလှည့်ကာ နူတ်ခမ်းပါးလေးတွေကို လှပစွာပြုံးရင် မောင့်မျက်နှာကိုမော့ကြည့်လားတဲ့ သက်လျာ ...ထိုအပြုံးလေးတွေကြောင့် မောင့်ပြောမဲ့စကားကိုပင် လည်ချောင်းဝက မထွက် ..

" ဟော မောင့်သက်လျာကိုပြောစရာရှိတယ်ဆို ပြောလေမောင့်ရဲ့ "

"သက်လျာ နားထောင်နေပါတယ်မောင့်ရဲ့ "

မောင့်ကိုပြုံးပြုံးလေးကြည့်ကာ ပြောနေတဲ့သက်လျာ ကြောင့် မောင့်မနေသာတော့

မောင့်သက်လျာ Where stories live. Discover now