ပိတောက်လက်ဆောင်

317 30 0
                                    

"ခွန်ငယ်လေးရေ...ထတော့နော်
မောင် မနက်စာပြင်ထားပြီ"

ထို သြရှသည့် အသံနှင့်အတူ နွေးထွေး နူးညံ့သည့်အထိအတွေ့က ခွန်မြဲဟိန်၏ နှဖူးပေါ်သို့ကျရောက်လာခဲ့သည်။

"အင်...၉နာရီတောင်​ကျော်နေပြီပဲ၊မင်းငါ့ကိုဘာလို့မနှိုးတာလဲ။မေမေ့ကိုဘုန်းကြီးကျောင်းလိုက်ပို့ရဦးမယ်"

"အန်တီ့ကို မောင်လိုက်ပို့ပြီးပြီ ခွန်လေးရဲ့
ပိတ်ရက်လေးမှာ ကိုယ့်အချစ်လေး အိပ်ရေးဝဝအိပ်ပါစေဆိုပြီး မနှိုးတာပါဗျာ"

တီရှပ်အဖြူနှင့်အိမ်နေရင်းပုဆိုးကိုသာ ရိုးစင်းစွာဝတ်ဆင်ထားသော်လည်း ခိုင်ခံ့မောင်၏ သပ်ရပ်ရှင်းသန့်နေမှုက သူ့နှလုံးအိမ်ကိုပါ ကြည်လင်သွားစေသည်။

အိပ်ရာမှထပြီး စောင်ကိုသပ်သပ်ရပ်ရပ်ခေါက်ကာ ရေချိုးခန်းထဲဝင်တော့ မောင်က တဘတ်ကိုအလိုက်တသိယူလာပေးသည်။

မနက်စာပြင်ဆင်နေသော ခိုင်ခံ့မောင်သည် ရေမိုးချိုးကာထွက် အခန်းထဲမှထွက်လာသည့် သူ၏ နှလုံးသည်းပြွတ်လေးကိုမြင်လိုက်ရသည့်အခါ ပြုံးမိသွားသည်။

ကလေးငယ်သည် အဝါရောင်တွင် အဖြူကွက်ထားသည့် pajama ဝမ်းဆက်လေးကို ချစ်စရာကောင်းစွာဝတ်ဆင်ထားသောကြောင့်ဖြစ်သည်။

ခွန်မြဲဟိန်သည် တခြားသူများရှေ့တွင် လူကြီးဆန်သလောက် သူနှင့်အတူရှိသောအခါ ပို၍ ဆိုးတတ်လာသည်။

သူကလည်းထိုဆိုးသည့်နွဲ့သည့် အရာလေးများကို အချစ်ပိုနေရခြင်းဖြစ်ပါလိမ့်မည်။

"မနက်စာက သာကူလား မောင်"

ပြောရင်းဆိုရင်း ခွန်မြဲဟိန်၏ မျက်လုံးလေးများတောက်ပသွားကြသည်။
ခွန်လေးကသာကူ သိပ်ကြိုက်သည်။

သာကူကဲ့သို့ပင် မုန့်လုံးရေပေါ်၊ကျောက်ကျော၊သင်္ကြန်ထမင်း စသည့် သင်္ကြန်စာများကိုလည်း သိပ်ကြိုက်သည်။

"ဟုတ်တာပေါ့ ကလေးလေးရဲ့။
ခွန်လေးကြိုက်တယ်မလား အများကြီးစားနော်"

"ဒါမှ ငါ့ခိုင်ခံ့မောင်ကွ"

"ဘာခိုင်ခံ့မောင်လဲ...မောင့်နာမည် မောင် ပါနော်"

ခိုင်မြဲစေလို...Where stories live. Discover now