"ဟုတ်တယ်ညှို့...အနီကွက်တွေလည်ပင်းမှာ"
"အမ်းးး...အဲ့တာက"
"ညှို့ယူရှင်"တစ်ယောက်"နှိုင်းမရ"ရဲ့အမေးကြောင့်တိုင်ပတ်ရုံသာမက ကမ္ဘာပါပတ်နေလေသည်။
"မေမေ...!မာန်ကမြေဘဲကွတ်ကီးစားလိုက်လို့Allergiesထလာလို့ အဲ့လိုဖြစ်တာပါ"
မာန်ကနိုးလာတော့အောက်လာပြီးရေဆင်းသောက်တော့မေမေကမေးနေတာကြားပြီးဇွတ်ဝင်ဖြေတာပါ။
"သမီးလေးရယ်...မတည့်တာကိုသိရဲ့သားနဲ့"
"ဟီးးးမေမေကလည်း"
"မတည့်တာသိရဲ့သားနဲ့...ကျွေးတာကိုတအားတွေကိုစားတာဘဲနော်"
ညှို့ရဲ့မချိုမချဉ်အပြောကြောင့် မာန့်ရဲ့မျက်နှာလေးရဲတတ်သွားလေသည်။
မာန်-"အန်တီမမ...ပြန်တော့လေ"
"သမီးကလဲဖေဖေတို့စကားပြောနေသေးတယ်လေ။ဧည့်သည်ကိုအားနာစရာကြီး"
"ရတယ်ထည်ဝါ...ငါပြန်တော့မယ်"
"ဦးမာန်ထည်ဝါ"နဲ့"ညှို့ယူရှင်"ကရွယ်တူဖြစ်လေသည်။
"ငါလိုက်မပို့တော့ဘူးညှို့...သမီးလေးလိုက်ပို့လိုက်"
"ဟုတ်ကဲ့ဖေဖေ"
"သွားပြီ"
"အေး"
ဒီလိုနဲ့ညှို့တို့ကားနားအထိရောက်လာခဲ့ပြီလေ။
"ဘယ်လိုနေသေးလဲ...နာသေးလား"
"ချက်ချင်းကြီးတော့ဘယ်သက်သာပါ့မလဲ"
မာန်လဲရှက်ရှက်နဲ့ဘုဆက်ဆက်ဖြေလိုက်သည်။
"ဟားးးဟုတ်ပါပြီ..မနက်ဖြန်ကိုယ့်မွေးနေ့ဖိတ်လိုက်မယ်"
"ဟုတ်ကဲ့.."
"ကိုယ်ပြန်ပြီ"
မာန်လဲညှို့ရဲ့ကားလေးပျောက်ကွယ်သွားမှပြန်လာခဲ့သည်။
ထို့နောက်မာန်ကအခန်းထဲတွင်ဖုန်းသုံးနေခဲ့သည်။
တီ...တီ...တီ
"ဟလိုကောင်မ"
မာန်ဖုန်းဆက်လိုက်တဲ့သူကတော့"နှင်းစက်ဖြူ"ပင်ဖြစ်သည်။