Chapter 4

580 22 4
                                    

Unicode

တိတ်ဆိတ်ငြိမ်သက်နေသော ကားအတွင်း ခခ ၏ ရင်ခုန်သံများ ပိုမိုကျယ်လောင်လာသည် ဟု ခခ ထင်လာမိသည်....အကြောများထောင်ထနေသောလက်ဖမိုး...ရှည်သွယ်သော လက်ချောင်းများ ဖြင့်ကားစီယာတိုင်ကို ကိုင်ကာ ကျွမ်းကျင်ပိုင်နိုင်စွာမောင်းနှင်နေသော ကိုကို့ကို ကြည့်ရင်းပင်.....နှလုံးသားလေးရယ်... ဖြေးဖြေးခုန်ပါ...ကိုကိုကြားသွားရင် ခခ အခက်တွေ့ရလိမ့်မယ်...အာရုံပြောင်းသွားစေရန် အတွက် ကားမှန်အပြင်ဘက်ရူခင်းသို့ ကြည့်နေလိုက်သည်......သိုပေမဲ့ အာရုံထဲရောက်ရောက်လာသော မြင်ကွင်းတွေက ဖျောက်ဖျက်၍ပင် မရအောင်စိုးမိုးနေလေပြီ....ကိုကို့၏ ဘေးမှာထိုင်၍ ကိုကိုမောင်းသော ကားကိုစီးခွင့်ရခြင်းဟာ ခခအတွက် မမျှော်လင့်ရဲခဲ့သောအိမ်မက်တွေထဲက တစ်ခုအပါအဝင် ဖြစ်ပေသည်....
သာယာကြည်နူးပျော်ရွှင်ရဆုံးအဖြစ် ခခ၏
နှလုံးသား နေ့စွဲမှာ မှတ်ယူရမည့် နေ့ရက်ဖြစ်
ပေသည်......

ခခ ပြောသောလိပ်စာအတိုင်း မောင်းနှင်လာ
ခဲ့သောကားကလေးသည် ဆိုက်ရောက်ရမည့်အိမ်
နေရာရှေ့သို့ရောက်ရှိလာပေသည်....
" Nightout ထွက်တာအိမ်ကသိလား "
" ဗျာ... "
ဘုရင်၏ အမေးကို အူကြောင်ကြောင်လုပ်နေသောကောင်လေး အား မျက်မှောင်ကျုံ့ကာ
ကြည့်လိုက်မိသည်....
" အိမ်ကို ပြောလာတာလား ..."
" ဗျာ..ပြောလာပါတယ်..."
" club သွားမယ်လို့ ပြောလာတာလား...."
" ဟို...အဲလို့တော့...."
" နောက်တစ်ခါ မထွက်နဲ့...."
" ဗျာ...."
" မကြားလိုက်လို့လား..."
" မဟုတ်ပါဘူး.."
" အိမ်ထဲဝင်တော့ ..."
" ဟုတ်... လိုက်ပို့ပေးလို့ကျေးဇူးပါဗျ...."
ကိုကိုက ခေါင်းသာ တစ်ချက်ဆတ်ပြပြီး
ကားနက်လေးကို အပြန်လမ်းသို့ ဦးတည်ကာ
မောင်းထွက်သွားတော့သည်....ခခ ကိုကို့ ကား
လေး မြင်ကွင်းက ပျောက်သွားသည် အထိ ကြည့်
ပြီးမှ ခြံထဲသို့ ဝင်လာခဲ့လိုက်သည်......ကိုကိုစကားကို နားထောင်ရမည်ဟု စိတ်ထဲ
တွင်အကြိမ်ကြိမ်ရေရွတ်ရင်းနှင့်.....

ဘုရင်၏ အပြန်လမ်းတစ်လျှောက် ဘယ်ဘက်ပါးပြင်ပေါ်ရှိ ပါးချိုင့်နက်နက်သည် ပျောက်ပျက်သွားခြင်းမရှိချေ...အမြဲအေးစက်စက် တစ်စုံတစ်ယောက်ဟာ တစ်လျှောက်လုံး သူ၏ အပြုံးများဖြစ်ထွန်းနေခြင်းကို တကယ် သတိမထားမိသလား....
မသိချင်ယောင်ဆောင်နေခြင်းလားဆိုတာကိုတော့ကာယကံရှင် ကိုယ်တိုင်သာ သိပေလိမ့်မည်....
ဘုရင်၏ အပြုံးများ ရပ်တန့်သွားပေသည်...သူ၏Condo ရှေ့တွင် ရပ်ထားသော နက်ပြာရောင်ကားရှည်နှင့် နောက်ပါအနက်ရောင်ကားတန်းရှည်ကြီးကို မြင်လိုက်ရသည်
ကြောင့်....နဂိုအေးစက်စက်မျက်လုံးအိမ်မှာ တောက်လောင်နေသော မီးစာများထွက်လာတော့မတတ် စူးရဲသွားကာ မျက်နှာတွင်လည်း မထီတထီ အပြုံးချိတ်ဆွဲလျက် ကားပေါ်မှဆင်းလာလိုက်သည်....သူ့ကိုလာတွေ့သူအားလေလိုသဘောထားကာ မမြင်သလိုကျော်သွားလိုက်
သည်...နောက်မှလိုက်လာသူကြောင့် မကြိုဆိုသည့်ဧည့်သည်အား ဧည့်ခံရအုံးမည့်ပုံ.....စိတ်ရှုပ်ရှုပ်နှင့်Condo တံခါးအားဖွင့်ရင်း ခေါင်းကို ခပ်ပြင်းပြင်းတစ်ချက် ဆွဲဖွမိသည်....တစ်ခါတစ်လေ အေးအေးဆေးဆေး နားချင်လို့ condo ပြန်လာမှဘဲ စိတ်ရှုတ်စရာတွေ.....

Only One Limited Edition (Completed )Where stories live. Discover now