1

183 16 1
                                    

Unicode

ချိုမြိန်ရိပ်မြုံ

အပိုင်း ၁



ယွင်ကျန့်သည် ဆိုဖာပေါ်တွင် ထိုင်ရင်း စိတ်ငြိမ်အောင် လုပ်နေသည်။

သူမ ဤနေရာကနေ ထွက်လာခဲ့သည်မှာ ၆နာရီကြာပြီဖြစ်သည်။

သူမသည် မနက်၈နာရီတွင် စတူဒီသို့ရောက်ပြီး ဝန်ထမ်းများကို ဧည့်ကြိုအခန်း၏ မှန်ပြတင်းပေါက် အပြင်ဖက်မှ စောင့်ကြည့်ကာ အလုပ်လုပ်နေရင်းနှင့် နေ့လည်ထမင်းစားချိန်ရောက်လာခဲ့သည်။ သွားလိုက်လာလိုက်နှင့် သူမသည် ဤနေရာတွင် တစ်ချိန်လုံး ထိုင်နေခဲ့သည်။
စတူဒီယိုဝန်ထမ်းသည် သူမကို မေ့နေပုံရသည်၊ ဘယ်သူမှ ဤနေရာသို့ ရောက်မလာသေးပေ။

ထန်ယီစတူဒီယိုမှ ဝန်ထမ်းများသည် သူမကို ထိုမျက်နှာထားမျိုးနှင့် ဆက်ပြီးတွေ့နေရဖို့ မမျှော်လင့်ထားမိချေ။ သူမ ထိုအရာကို လက်မခံချင်သည်မှာ အသိသာကြီးပင်ဖြစ်သည်။ သို့သော် လုံးဝငြင်းလိုက်တာထက်စာလျှင် အနည်းငယ်ယဉ်ကျေးသည်ဟု ပြောရပေမည်။

သူမကို အထူးသဖြင့် မည်သူက နည်းပါးစွာ ပေးရန် စေခိုင်းလိုက်သနည်း။

အရမ်းနည်းပါးလွန်း၍ ဟာသသဖွယ်ဖြစ်နေသည်။
ယွင်ကျန့်သည် အမျိုးသမီးဒါရိုက်တာ တစ်ယောက်ဖြစ်ပြီး ဒါရိုက်တာအသိုင်းအဝိုင်းတွင် နာမည်ကြီးသည်။

သူမရုပ်ရည်သည် နာမည်ကြီးထိပ်တန်း အမျိုးသမီးအနုပညာရှင်တစ်ဦး၏ ရုပ်ရည်နှင့် ရင်ဘောင်တန်းနိုင်သည်။ သူမသည် အမျိုးသားကဇာတ်ရုံတွင် ပညာသင်ယူနေစဉ်တုန်းက သူမကို လူအများက သရုပ်ဆောင်ပညာကို လေ့လာနေသည်ဟု မကြာခဏ အမှတ်မှားကြသည်။ အမှန်တကယ်တွင် သူမသည် ရုပ်ရှင်နှင့် တီဗွီဒါရိုက်တာဖြစ်လာဖို့ သင်ယူနေခြင်းသာဖြစ်သည်။

သူမ၏ အိပ်မက်သည် အံ့သြစရာကောင်းသော ဒါရိုက်တာဖြစ်လာရန် ဖြစ်သည်။ သူမကိုယ်တိုင် ဇာတ်လမ်းဇာတ်ညွှန်းများ ရေးကာ ညွှန်ကြားနိုင်ရမည်။ ထို့မှသာ သူမ၏အရည်အချင်းများကြောင့် လူအားလုံးက သူမကို အမှတ်ရနေမည်ဖြစ်သည်။

ချိုမြိန်ရိပ်မြုံ (ဘာသာပြန်)Where stories live. Discover now