6.1K 130 2
                                    

အန်တီ့ရဲ့ ဘေဘီ

ဘေးမှတစ်ရှုပ်ရှုပ်ငိုသံကြောင့် ခွန်းထက်ကြည်ဖြူတစ်ယောက်နိုးလာခဲ့သည်။မျက်လုံးဖွင့်ဖွင့်ခြင်းမြင်လိုက်ရသည်က ‌ခန္ဓာကိုယ်တစ်ခုလုံးစောင်ကြီးထဲတွင် ငုတ်တုတ်ထိုင်နေသောထိုကလေး။နှာခေါင်းထိပ်ကလေးဟာနီရဲနေ၏။

" ဘာဖြစ်လိုလဲ ဘေဘီ "

" အိမ်ပြန်ချင်တယ် ဝါးးး အိမ်ပြန်ပို့ပေးပါ အန်တီရယ် ဘေဘီတောင်းပန်ပါတယ်။ဟင့် ဟင့် "

" ကောင်းပြီ "

" ဟင် "

ကိုပြောလိုက်တော့ မျက်လုံးပြူးပြူးလေးနဲ့အံ့သြစွာကို့ကိုမော့ကြည့်လာ၏။ ထိုသို့ပုံစံလေးမြင်သည်နှင့် ယုတ်မာချင်စိတ်များဟာ ရင်ထဲမှာလှိုက်ခနဲ။

" အဟက် ဒါပေမဲ့ တစ်ခုတော့ပြန်လုပ်ပေးရမယ် "

" ဘာ...ဘာလဲဟင် "

" မပြောဘူး ဘေဘီလက်ခံလား? "

မျက်တောင်လေးတဖြတ်ဖြတ်ခတ်ကာ ကို့ကို တွေဝေစွာကြည့်လာ၏။

" ဟုတ်...ဘေဘီလက်ခံတယ် ပြီးရင် ပြန်ပို့ပေးရမယ်နော် "

" အင်းပို့ပေးမှာပေါ့ "

စိတ်ထဲမှတော့ ပို့ပြီးတောင်းရန်းမလို့လေ ဘေဘီရယ်

***

" အဲ့တော့ ဒေါ်ခွန်းထက်ကြည်ဖြူနဲ့ ကျမသမီးက မှားခဲ့ကြပြီးပြီပေါ့ "

" ဟုတ်တယ် "

မဟုတ်ဘူးလေ ဘာ‌တွေဖြစ်ကုန်တာလဲ။ပြောတော့ပြန်ပို့မှာဆို ဘာလို့အဲ့အကြောင်းတွေပြောနေတာလဲ။

" မင်္ဂလာပွဲကိုဘယ်နေ့ လုပ်ချင်သလဲ "

" နောက်လ ဖြစ်နိုင်ရင် နောက်အပတ်ဆိုလည်းအဆင်ပြေပါတယ် "

" အမ် အမတို့ကတော့ ညီမသဘောပါပဲ။ "

" ကောင်းပြီ အဲ့တာဆိုနောက်အပတ်ထဲ လုပ်ကြတာပေါ့။စိတ်မပူပါနဲ့ ကျွန်မဘက်က ဘေဘီ့ကိုသေချာစောင့်ရှောက်မှာမလို့ စိတ်ချလက်ချအပ်နိုင်ပါတယ်။ "

" ဟုတ်ဘူးလေ၊ မေမေ ဘေဘီ အန်တီနဲ့ယူဘူးနော် "

ဘေဘီသာဝင်မပြောရင်သေချာပေါက် အန်တီ့ကိုလက်ထပ်ရလိုက့်မည်။အန်တီ့ကိုလက်ထပ်ရရင်နေ့တိုင်း....ဟင့်အင်.။

အန်တီ့ရဲ့ ဘေဘီWhere stories live. Discover now