Plot Twist⋆。

249 26 0
                                    

" ကိုကိုရာ ကျွန်တော့်ကိုအဖြေပေးတော့လေ ကျွန်တော်ကိုကို့ကို သဘောကျလာတာ အလယ်တန်း ဒုတိယနှစ်ထဲကကို "

အနောက်ကနေ ချောကလတ်နို့ဘူးကိုင်ကာ ဂယူ့ခြေလှမ်းကျဲတွေကိုမှီအောင်လျှောက်နေရင်း ပါးစပ်ကလည်း ချစ်ကြောင်း ကြိုက်ကြောင်း တွေပြောနေသေးသည်။ ဒါကတော့ နေ့လည်breakချိန်အတိုင်း ဂယူဘင်းကြုံတွေ့နေရသည့်အဖြစ်တစ်ခု။

ဟန်ယူဂျင်း..... တစ်နည်းအားဖြင့်သူ့ကိုကြိုက်နေသည့်ကလေး။ ဘယ်လောက်ပဲဲ ငြင်းလွှတ်ပါစေ လက်မလျှော့ပဲဆက်လိုက်နေသည့်က​လေး။ သက်ပြင်းတချက်ချပြီး ခြေလှမ်းတွေကိုရပ်လိုက်တော့ ခေါင်းလုံးလုံးလေးက ဂယူဘင်းကျောကိုလာထိသည်။

" အဟီးးး ဒီချောကလတ်နို့လေးတော့ယူပါနော် ကျွန်တော်တကူးတက ဝယ်လာရတာ "

" မင်းကိုယ့်ကိုအဲ့စကားတစ်ခွန်းနဲ့ပဲလုပ်စားလာတာ 4နှစ်ရှိပြီနော် "

" ကိုကိုကမှတ်ထားတာပဲ ဘယ်နှနှစ်ရှိရှိပါ ဒီနေ့လည်းအရင်နေ့တွေလိုမျိုးယူလိုက်နော် ကျွန်တော်သွားတော့မယ် "

လက်ထဲကိုအတင်းထည့်ကာ ပြေးထွက်သွားသည့်ယုန်ပေါက်လေး။ ဒီနေ့လည်းခါတိုင်းလို ချောကလတ်နို့ဘူးလေးကိုကြည့်ကာ ဂယူဘင်းမျက်နှာမှာတောက်ပတဲ့အပြုံးချိတ်ဆွဲလျက်....

<_<_<_<_<_<_<_<_<_<_<_<_<_<_<

ဒီနေ့ကပိတ်ရက်ဖြစ်တာကြောင့် ယူဂျင်းအိမ်မှာပျင်းနေရသည်။ မာမီနှင့်ဒယ်ဒီကအလုပ်ကိစ္စဖြင့်ခရီးသွားသည်ကြောင့်လဲပါသည်။ ယူဂျင်းတစ်ယောက်ထဲ အိပ်လိုက်စားလိုက်၊ ကိုကိုနဲ့ပြောထားတဲ့ coversation ကိုဖတ်လိုက်နဲ့ တိုင်ပတ်နေသည်။ Coversationတိုင်းမှာ ယူဂျင်းဘက်ကအရင်စပြောထားတာများသည်...မဟုတ်ဘူး အကုန်လုံးပင်။ ကိုကို့ဘက်က ဝတ်ကျေတန်းကျေပြန်စာများဖြစ်သော်လည်း ယုန်ကလေးယူဂျင်းအတွက်မူ အလွန်ရင်ခုန်စရာကောင်းလှသည်။

* ဟိုင်းးး^^ *

ဒီနေ့လည်းပုံမှန်အတိုင်းယူဂျင်းဘက်ကအရင်စကားစပြောသည့်နေ့လေးတစ်နေ့။ Active 40mins agoဖြစ်နေသည့် အကောင့်လေးက ချက်ချင်းပင် မီးစိမ်းလို့လာသည်။
နှစ်မိနစ်....သုံးမိနစ်....လေးမိနစ်...ငါးမိနစ်....။ ကိုကို့ဆီကပြန်စာမလာ။

DARL+INGWhere stories live. Discover now