မောင့်သက်ဆိုင်သူ❤️ (8)

3.1K 47 2
                                    

ဒီရက်ပိုင်းမြဖူးနေရတာနေလို့သိပ်မကောင်းပါ။ ခုလည်းမူးသလိုဖြစ်နေတာကြောင့် ချက်ပြုတ်ပြီးသည်နှင့် အခန်းဝင်အိပ်နေလိုက်သည်။

ခါတိုင်းသူပြန်လာလျှင် ရေခပ်ပေးအထုတ်သယ်ပေးနေကျမိန်းမလေးကိုမမြင်ရတာကြောင့် အိမ်ထဲရှာကြည့်တော့လည်းမတွေ့။ ဘယ်များရောက်နေတာလဲ။

ပုတီးထိုင်စိပ်နေသည့်အဖွားကကြည့်မရတော့သည့်အဆုံးသူ့ကိုပြောတော့သည်။

"မြေးမလေးကိုရှာနေတာမလား"

"မဟုတ်ပါဘူး သားကလမ်းလျှောက်တာ"

"အေး အဲတာဆိုလည်းမပြောပြတော့ဘူး"

"သားကစတာ ဖွားရယ့်"

"အခန်းထဲမှာ နေလို့သိပ်မကောင်းလို့အိပ်နေတယ်"

စကားတောင်မဆုံးဘူး မိန်းမစီပြေးသွားလိုက်တာများ စည်းတံတိုင်းတို့လေထက်တောင်မြန်နေသေးသည်။

.................................

ကုတင်ပေါ်မှာခွေခွေလေးအိပ်နေတဲ့ သူ့မိန်းမလေးနားကိုကပ်ပြီး ဝင်လှဲလိုက်ကာတင်းကြပ်နေအောင်ဖက်ထားလိုက်သည်။

မြဖူးအိပ်နေရင်း တင်းကြပ်နေသလိုဖြစ်လာတာကြောင့်နိုးလာရသည်။ ဟင်... ဘယ်တုန်းကပြန်ရောက်တာလဲ ရစ်ပတ်ပြီးဖက်ထားလိုက်တာမြွေလိုပဲ တကယ်အံ့ဩပါရယ့်။

"ဒီမှာ.... ထ... စည်း!"

"နိုးပြီလား မိန်းမလေး"

"နင်ရေမချိုးဘူးလား"

"အိပ်ချင်လို့ အိပ်ကြမယ်လေ"

"ထပါ လိမ္မာတဘ် ဖွားစောင့်နေမှာ ညစာပြင်ထားလိုက်မယ် ဆင်းလာခဲ့"

"မိန်းမလေးသဘောပါဗျာ"

မြဖူးကြောင်တောင်တောင်ငေးမိသည် သူဘာစိတ်ကူးပေါက်သွားတာပါလိမ့်။ ဒီရက်ပိုင်းကြင်ကြင်နာနာဆက်ဆံနေသည်လေ အရင်ရက်က‌များဆို လူကိုမတူသလိုမတန်သလိုလုပ်ချင်သေးတာလေ ဟွန်း။

မောင်နည်းနည်းချင်းမှတ်မိလာနေပြီ မောင်တို့ကိုဘရိတ်ကြိုးဖြတ်တဲ့သူကိုလည်းရအောင်ဖမ်းမှာ မောင်တို့အရင်လိုပြန်နေကြမယ်။

မောင့်သက်ဆိုင်သူ❤️Where stories live. Discover now