Part - 2
" ဆရာလေး ဒါက မြို့အုပ်မင်းရွှေခြူးနောင်ပါ၊ မောင်သက်ဆွေကိုအလုပ်ပေးထားတယ်ဆိုတဲ့ မြို့အုပ်မင်းလေ၊ ကျန်းမာရေးအတွက်အနားယူဖို့လိုလာလို့ ကျွန်တော်တို့ရွာမှာလာပြီးအနားယူနေတာပါ "
သူကြီး၏မိတ်ဆက်ပေးသည့်စကားအဆုံးတွင် ကျောင်းဆရာမှာ ထိုင်ရာကနေထရပ်လိုက်ပြီး လေးစားသမှုပြုသည့်အနေဖြင့် ကိုယ်ကိုတစ်ချက်ကိုင်းညွှတ်လိုက်သည်။
" တွေ့ရတာဝမ်းသာပါတယ် မြို့အုပ်မင်းခင်ဗျာ "
နှုတ်ဆက်စကားဆိုလာသူကို ခေါင်းတစ်ချက်သာညှိမ့်ပြလိုက်ရင်း ထိုသူနှင့် မျက်နှာချင်းဆိုင်ဖြစ်သည့်ခုံတွင်ဝင်လိုက်၏။
" ထိုင်ပါ ထိုင်ပါ "
ကိုယ့်ဆီမှခွင့်ပြုချက်ရသည့်အခါ သူ့နေရာမှာပြန်ထိုင်လိုက်တဲ့သူကို နောက်ထပ်ကြိမ်ကြည့်လိုက်မိသည်။ အင်း!!! ချောတာတော့တော်တော်ချောပေမည့် စောစောကလောက်တော့အရမ်းကြီးချောမနေပါဘူးလို့ပြန်တွေးမိသည်။ ဘယ်လိုပြောရမလဲ ချောတော့ချောပေမည့် ကိုယ့်လောက်တော့မချောဘူးလေ။ ကိုယ့်လောက်နီးနီးလေးတော့ချောတယ်။ အေးပေါ့လေကိုယ်ကတော့ ဘယ်အချိန် ဘယ်ရှု့ထောင့်ကကြည့်ကြည့်ထင်းလင်းရှင်းကြည်တောက်နေရလောက်အောင် ချောမောနေတဲ့သူကိုး ။ ကိုယ့်ကိုမြင်တဲ့သူတိုင်းက ဒီမြို့အုပ်မင်းလေးကချောလိုက်တာလို့ ပြောခံနေရတာကိုက ကိုယ့်ရဲ့အားနည်းချက်ဖြစ်နေတာလေ။ မွေးရာပါအားနည်းချက်ဖြစ်နေတော့ လက်မခံချင်လည်း လက်ခံထားရတာပေါ့။
" မြို့အုပ်မင်းလေးရော ဘယ်လိုသဘောရလဲဗျာ "
" ဟမ်း! ဘာ ဘာပြောလိုက်တာလဲ ကျွန်တော်မကြားလိုက်လို့ပါ "
ရုတ်တရက်ကြီး ကိုယ့်ဘေးနားကသူကြီး၏ စကားသံကြောင့်နည်းနည်းတောင်လန့်သွားမိသည်။ ကိုယ့်အလှကို ကိုယ့်ဘာသာချီးမွန်းနေမိတော့ ဘေးနားကလူတွေကိုမေ့သွားတာလေ။
" ဆရာလေးက ရွာထဲမှာနွေဘက်အားနေတုန်းလေး စာလုံးဝမတတ်တဲ့လူကြီးတွေကို စာသင်ပေးချင်တယ်ပြောလာတာကို မြို့အုပ်မင်းလေးက ဘယ်လိုသဘောရလဲမေးတာပါဗျာ။ ရွာသားတွေ အားတဲ့အချိန်လေးတွေမှာပေါ့ "
YOU ARE READING
မေတ္တာရစ်ပတ်ကာရယ် ( ေမတၱာရစ္ပတ္ကာရယ္ )
Fanfictionမြို့အုပ်မင်းနှင့် ကျောင်းဆရာလေး၏ အချစ်ဇာတ်လမ်း မို့အုပ်မင်းနှင့် ကျောင်းဆရာလေး၏ အချစ်ဇာတ်လမ်း