Ch-1

1.7K 80 1
                                    

Operation ဟူသည့် အစိမ်းရောင် မီးလေး မှိတ်သွားအပြီးမှာ ပွင့်လာသည့် ခွဲစိတ်ခန်းတံခါးမှ ခွဲစိတ်ခန်းဝတ်စုံအပြည့်နှင့် အမျိုးသားတစ်ယောက်ဟာ  သူ၏ ခြေတံရှည်များအား  တစ်လှမ်းချင်း လှမ်းကာ ထွက်လာလေသည်။

ထိုအမျိုးသားဟာ ပွယောင်းသည့် ခွဲစိတ်ခန်း ဝတ်စုံအပြာကို ဝတ်ဆင်ထားသော်ငြား သူ၏  ရှည်သွယ်သည့် ခြေတံတို့ဟာ ခြေလှမ်းတစ်လှမ်း လှမ်းလိုက်တိုင်းမှာ ရုပ်ရှင်တွေထဲမှ အဓိကဇာတ်ကောင်တစ်ယောက် ခုန်ထွက်လာသည့်ပမာ။   တန်းမတ်နေသော ပုခုံးတန်းဟာလည်း ထိုအမျိုးသားအား ယုံကြည်ချက်အပြည့်ရှိသည့်ပုံစံအဖြစ်  ဆောင်ကျဉ်းပေးနေလေသည်။ နှာခေါင်း အုပ်ထားသည့် အတွက် မျက်နှာတစ်ခုလုံး ကွယ်နေသော်လည်း စူးရှကာ အပြုံးရိပ်သန်းနေတတ်သည့် အကြည့်တို့ဟာ မြင်သမျှ လူတိုင်းအား နှစ်ခေါက်ပြန်ငေးစေနိုင်စွမ်းပါသည်။ သို့သော် ထိုအမျိုးသား၏ အာရုံဟာ ပတ်ဝန်းကျင်၌ ရှိမနေပေ။

ခွဲခန်းထဲက ထွက်ထွက်ခြင်း အမှိုက်ပုံးဆီသို့ တန်းသွားကာ  ပုံမှန်လုပ်နေကြသကဲ့သို့ ဘာမျှတုံ့ဆိုင်းခြင်း မရှိဘဲ သွေးစွန်းနေသော လက်အိတ်နှင့် ခေါင်းစွပ်ကို ချွတ်ကာ အမှိုက်ပုံးထဲ ပစ်ချလိုက်လေသည်။ ထို့နောက် သက်ပြင်းချသံ တစ်ခုထွက်လာအပြီးမှာ နှာခေါင်းစည်း အပြာရောင်ကိုပါ ဆွဲချွတ်လိုက်လေသည်။

ထိုအခါ မနီးမဝေး မှန်တံခါး၌ ရောင်ပြန်ဟပ်နေသည့်  ထိုအမျိုးသား၏ ပုံရိပ်ဟာ နတ်ဘုရားတစ်ပါးအလားပင် ။ ခေါင်းစွပ်အား ဖြစ်သလိုချွတ်လိုက်တာတောင် spray နှင့် သေချာပုံသွင်းထားသည့် ဆံပင်ဟာ ပုံစံပင် သိပ်မပျက်ပေ။  ချွန်ထက်နေသည့် နှာတံ၊ သေ‌သပ်လှသည့် နှုတ်ခမ်းပါးတစ်စုံနှင့်အတူ ထူထဲလှသည့် မျက်ခုံးများဟာ သူ့နေရာနှင့်သူ လိုက်ဖက်စွာ တည်ရှိနေသည်မို့ အချိန်ပေးကာ ထုဆစ်ထားသည့် အနုပညာလက်ရာတစ်ခုအလား ထင်မှတ်ရစေပါသည်။

*ဒေါက်တာ! ခွဲခန်းဝင်နေတုန်းက အပြင်က message တွေ ခဏခဏလာပါတယ်။ *

ဘေစင်၌ လက်ဆေးနေရင်း ခွဲခန်းအကူသူနာပြုလေးဟာ သူ၏ ဖုန်းအား ကိုင်ထားရင်း အသိပေးလာလေသည်။ ထိုစကားကြောင့် သူ၏ မျက်နှာဟာ စက္ကန့်ပိုင်းမျှတည်တံ့သွားသော်လည်း တစ်ဖက်က သူနာပြုလေးပင် သတိမထားမိခင်မှာ ချင်ချင်းပင် အစားထိုးဝင်ရောက်လာသည့် သူ၏ အပြုံးလှလှလေးကြောင့် တစ်ဖက်က သူနာပြုလေးမှာ ရှက်စိတ်ကြောင့်လားမသိ ခေါင်းကလေး ငုံ့သွားလေတော့သည်။

Chilli Pepper Where stories live. Discover now