ညှို့ဝန်းနက်(Part-21)

1.8K 39 13
                                    

Unicode

ဘာလိုလိုနဲ့ မင်္ဂလာဆောင်ရမည့် ရက်သို့ပင်ရောက်လာကြလေပြီမို့တချို့မှာ စိတ်လှုပ်ရှားစွာရင်ခုန်နေကြရပင်မဲ့ ကံကြမ္မာကကျောခိုင်းထားသူ နှစ်ဦးမှာတော့ တည်ငြိမ်လျက် အပြုံးတို့ကလဲ ပျောက်ကွယ်နေတော့သည်။‌ဒီနေ့ပြီးလျှင် မဒီရော ကောင်းဆက်ရောဟာ ကိုယ့်အိမ်ထောင်နဲ့ကို မဆိုင်ရတော့တဲ့ မျဉ်းပြိုင်နှစ်ကြောင်းကို ရှေ့ဆက်လျှောက်ကြရမည်ဖြစ်လေသည်။

မင်္ဂလာချိန်နီးကပ်လာလေလေမှာ မဒီ၏အတွေးများက ကောင်းဆက်နှင့်တွေ့ခဲ့သည့် ညသို့ပင်....

"ကိုယ်မင်းကို ချစ်တယ် မဒီ"

ပြောပြီး ရင်ခွင်ထဲထည့်ကာ ဖက်လိုက်သည်မို့ မဒီအတင်းရုန်းရင်း လက်များက နောက်တစ်ကြိမ် ကောင်းဆက်၏ပါးပေါ်သို့ ဒီတခါတော့ကောင်းဆက်က လက်ကိုအမိအရဆွဲပြီး တစ်ဖန်နှုတ်ခမ်းကို ဖိကပ်နမ်းလိုက်ကာ မဒီ့ကိုယ်လေးကို နေရာရွှေ့လိုက်သည်မို့ အပင်ကြီး၏ အရိပ်နှင့်ဖုံးနေသည့် သူတို့နှစ်ယောက်အား မည်သူကမျှမတွေ့နိုင်

မဒီ ကျန်လက်တစ်ဖက်နဲ့ သူ့ရင်ဘတ်တွေကို ထုရိုက်တော့ အနမ်းတို့ကို ရပ်လိုက်လေသည်။မဒီသူ့ကို တွန်းလွှတ်ကာ ကျလာသည့်မျက်ရည်စတို့ကို လက်ဖဝါးနှင့်ဖိသုတ်ရင်း

"မုန်းတယ် ရှင့်ကိုမုန်းတယ် အရမ်းမုန်းတယ်"

"ဘာလို့ ကိုယ့်ကိုအရမ်းမုန်းနေရတာလဲ"

"မသိသေးဘူးလား အခုထိ"

ကောင်းဆက်က ဘာများလဲဆိုပြီးအာရုံစူးစိုက်ကာ သူမပြောမည်များကို မသိသေးသည့်လူတစ်ယောက်နှယ်ကြည့်နေသည်။အတန်ကြာသည့်ထိ သူမဘက်က ဘာစကားမှထွက်မလာ၍

"ကိုယ့်ကိုမုန်းတယ်ဆို အခုအကြောင်းပြချက်တောင်းနေတယ်လေ ဘာလို့လဲ အဲ့အတွက် အဖြေမရှိဘူးလား မဒီ မင်းလဲ ကိုယ့်ကိုချစ်တယ်ဆိုတာ ကိုယ်သိတယ် မလိမ်ပါနဲ့ ကိုယ့်ကိုလိမ်ရင်တောင် မင်းနှလုံးသားကိုတော့ လိမ်လို့မရဘူး"

"ဟုတ်တယ် ရှင့်အပေါ်ကို အရင်ကစိတ်ဝင်စားခဲ့တယ် အဲ့တာက ရှင့်မှာ စေ့စပ်ထားတဲ့သူရှိတယ်လို့ မသိရသေးခင်အချိန်တုန်းကပဲ ဒါမဲ့အခု အဲ့စိတ်တွေတခုမှမရှိတော့ဘူး ရှင့်ကြောင့် ကျွန်မရဲ့ မာနတွေ နှလုံးသားတွေ အစိတ်စိတ်ကြေမွခဲ့ရပြီးပြီမလို့ နောက်တစ်ကြိမ်ထပ်ပြီး အရဲမစွန့်နိုင်ဘူး ထပ်လဲမချစ်ရဲဘူး နောက်ပြီးကျွန်မက ကျွန်မရဲ့ မာနကိုထိခိုက်တဲ့ ဘယ်ယောင်္ကျားကိုမဆို အရမ်းမုန်းတယ် မာနနဲ့ အချစ်ဆိုရင်တောင် ကျွန်မက မာနကိုပဲရွေးတာမလို့ ရှင်နောက်ဆုတ်လိုက်တာကောင်းပါတယ် ဒါကရှင့်အတွက် ကျွန်မရဲ့ စိတ်ရင်းပဲ"

ညှို့ဝန်းနက်Where stories live. Discover now