Part - 1 [Uni&Zaw]

742 51 18
                                    

Unicode

"ဦးစက် အလုပ်သွားတော့မှာလားဟင်"

တုတု ညဝတ်အင်္ကျီမလဲရသေးသည့်ပုံစံလေးနှင့် လှေကားကနေပြေးဆင်းလာကာ အစောတလျင်ဆိုတော့ ဦးစက်က လှည့်ကြည့်ရင်း....၊

"အင်း"

ဦးစက်အဖြေက အေးစက်စက်နှင့်တည်ငြိမ်လွန်းနေသည်။လက်ထပ်ပြီးကတည်းက ဦးစက်သည် တုတုအပေါ်မှာပိုကာအေးစက်လာသည်။အပြင်မှာအချိန်ကုန်တာ၊သောက်စားမူးရစ်ပြီး ညဘက်မှပြန်လာတာမျိုးမရှိဘဲ ယောကျ်ားကောင်းပီသစွာ လင့်ဝတ္တရားတွေကျေပွန်နေပေမယ့် ထိုအရာတွေထဲမှာ တုတုအပေါ်နွေးထွေးသည့်ချစ်ခြင်းမေတ္တာများတော့ မပါဝင်ပါ။

"တုတု နေ့လည်ကျရင် ထမင်းချိုင့်လာပို့ပေးမယ်လေ"

"ရတယ် ကိုယ်အပြင်မှာပဲစားလိုက်တော့မယ်"

"ဒါပေမယ့်....."

"မင်းအိမ်မှာပဲ အဆင်ပြေအောင်နေပါ...၊ကိုယ်ကအဆင်ပြေတယ်"

ဦးစက်ရယ်....၊
အိမ်ထောင်ဖက်ရဲ့ ကြည်ဖြူခြင်းအလျင်းကင်းတဲ့ ဒီအိမ်ထောင်ရေးမှာ ဦးစက်ဘက်က အခုလိုတွေ ဆက်ဆံလာမယ်ဆိုတာ တုတုကြိုတွေးထားပြီးသားပါ။မကြည်ဖြူသည့်ပုံစံမပြခဲ့သည့်တိုင် ကြင်လည်းမကြင်နာခဲ့ပါ။ဒါတွေကိုရင်ဆိုင်ရနိုင်တယ်ဆိုတာ ကြိုတွေးခဲ့ပေမယ့် တကယ်တမ်းမှာ လက်ခံနိုင်ဖို့အတွက် တုတုနှလုံးသားဟာအားနည်းလွန်းနေ၏။

"ဒါဆို ကိုယ်သွားတော့မယ်"

ခွင့်တောင်းတာမဟုတ်ဘဲ အသိပေးသည့်စကားသံအဆုံးမှာ ဦးစက်က ထွက်ခွာဖို့ရာ ခြေလှမ်းစလှမ်းသည်။

"ဦးစက်...."

တုတုအသံတိုးဖျော့ဖျော့နောက်မှာ စက်ရှိန်ခြေလှမ်းတွေတိခနဲရပ်သွား၏။သို့သော် နောက်လှည့်မကြည့်ပေ။

"တုတု ဦးစက်ကိုချစ်တယ်"

"........."

တုတုအသံပြီးနောက် တုန့်ပြန်သံစိုးစေးမျှမရှိတဲ့ ဧည့်ခန်းလေးက ဆိတ်ဆိတ်ငြိမ်ငြိမ်။တုတု လှေကားလက်ရမ်းလေးကိုပိုဖိဆုပ်မိသွားကာ နာနာကျင်ကျင်ပြုံးမိလိုက်ရင်း....၊

You've reached the end of published parts.

⏰ Last updated: Dec 27, 2023 ⏰

Add this story to your Library to get notified about new parts!

Take My Heart || အာကာကိုလွှာပုံပြုမေယုကိုတဲ့စုတ်တံချီ ||Where stories live. Discover now