EP-3

489 52 13
                                    

*****

မြင်လွှာထဲ တရိပ်ရိပ်ဖြတ်သွားနေသည့် ဘေးပတ်ဝန်းကျင်ကို ကားအတွင်းမှ အပြင်သို့ငေးမောရင်းတိတ်ဆိတ် ငြိမ်သက်လျက် ... အဝေးပြေးလမ်းမကြီးပေါ် ဖြတ်ပြေးနေသည့် ကားပေါ်တွင် အိပ်ပျော်နေကြသည့် ခရီးသည်တွေမှာလည်း  ရှည်လျားလှသည့် လမ်းခရီးကြောင့် ငိုက်မြည်းနေကြသည် ..

ဖွင့်ထားသည့် ကားပြတင်းနားတွင် မျက်နှာထွက်ကြည့်ချင်၍ ထိုင်ထားသည့်အနေအထားကို ရွှေ့လိုက်ရာ ... ပုခုံးပေါ်မှီကျ‌နေသည့် ခန္ဓာကိုယ်တစ်ခုသည် အရှိန်လွန်လျက် ပြုတ်ကျလာသည်။

" မရောက်သေးဘူးလား ?"

လက်နှစ်ခုကိုယှက်၍ရှေ့သို့ဆန့်တန်းကာ အင်းအင်းအဲအဲ သမ်းဝေ‌‌နေရင်း စိတ်မရှည်ဟန်အမူအရာနှင့် မေးမြန်းသည်။ အချိန်ကြာမြင့်စွာ ကားပေါ်ထိုင်လာရတာကြောင့် ညောင်းညာနေဟန်ရှိ၏။ တစ်လမ်းလုံး အိပ်ငိုက်၍ လိုက်လာသည်မှာလည်း ဘယ်ညာယိမ်းခါနေပြီး နောက်ဆုံး သူ့အတွက် ပုခုံးငှားလိုက်ရသည့် မြောင်ဟိုပါလေ။

ဂင်မင်ဂယူး... ဒီကောင်လေးကို ဒီလောက် အ‌မှတ်ကြီးလိမ့်မည်ဟု ထင်မထားပါချေ။အစောပိုင်း ဝင်ခွင့်ပြီးသည့်အချိန်တွင် ပင်ပန်းထားသမျှ အေးဆေးအနားယူရမည့်အစား ဇာတိပြန်မည့် မြောင်ဟိုနောက်သို့ လိုက်လာသည်။ ဝန်လေးနေသည့် မြောင်ဟိုဘက်မှ သဘောမတူမချင်း မျက်နှာအိုကြီးနှင့် စကားနာထိုးသည် ။ ကတိပေးထားလျှင် တည်မှရမည်တဲ့။ အလွန်တရာ စိတ်အားထက်သန်နေသည့်အခါ မငြင်းရက်‌တော့လေ‌သူ မြောင်ဟိုသည် သဘောတူရတော့သည်။

ကားဆိုက်သည်နှင့် အထုပ်အပိုးများဆွဲလျက် အိမ်ပြန်ဖို့ရာ တက္ကစီရှာနေတုန်း မြင်လိုက်ရသည်မှာ မြောင်ဟို့ကို လာကြိုနေသည့် အာပါး။ သက်သက်သာသာ အိမ်မှာပဲစောင့်ပါလို့ ပြောထားရက်နဲ့...

" အာပါး ... လာမကြိုနဲ့လို့ ပြောထားတယ်လေ အိမ်ကနေ ကားကွင်းအထိ အဝေးကြီးလာရတာ ပင်ပန်းပါတယ်ဆို "

" အခုတောင် အိမ်ပြန်ဖို့ ကားရှာရခက်နေတာမလား ? ဖောက်သည်တွေဆီ သစ်သီးခြင်းတွေပို့ရင်း လမ်းကြုံလို့ စောင့်နေတာ ... ကျေးဇူးတင်လိုက် "

DON'T BABY ME [Short Story] [COMPLETE]Where stories live. Discover now