Episode 25 miss you father?

2.8K 64 2
                                    

Unicode;

"အဲ့တော့ရေချိုးခန်းထဲမှာဘာလုပ်နေကြတာလဲ "

"ဟင်း အမေ ကျွန်တော်တို့ "

"ဆောင်းတို့ သိုင်ကီထဲပစ္စည်းကျသွားလို့ကုန်းကောက်နေတာပါ"

(ဂွမ်း!🤒)

"အော် ဟုတ်လား အေးပါဟုတ်ပါပြီ အမေယုံလိုက်မယ် ဒါနဲ့ဒီအချိန်ကြီးရေချိုးဖို့လုပ်နေကြတာလား"

"ဟုတ်အမေ ကျွန်တော့် ဆောင်းက ချွေးတွေထွက်နေတာနဲ့ပူမှာဆိုးလို့ ချိုးရအောင်လို့ သိတယ်မလားအမေ စပိန်မှာကအေးတော့ဒီရောက်တော့ အပူချိန်နဲ့သူနေသားမကျသေးလို့ပါ "

(မြန်မာနိုင်ငံမှာမွေးပြီးမြန်မာနိုင်ငံမှာကြီးလာသောမိန်းမကိုစိတ်ပူနေသောချစ် ကိုကြီး)

"အော်ဟုတ်လားဆောင်း အောက်က အဲကိုလာလေးယူသွားလေ ကောင်းကောင်း‌အိပ်ရတာပေါ့"

"ဟုတ်အမေ "

"ကဲကဲသွားအိပ်ကြတော့ညဘက်ကြီးရေထချိုးတော့အအေးပတ်ကုန်ဦးမယ် ရေသေချာသုတ်ပြီးအိပ်ကြနော်"

"ဟုတ်အမေ "

..................................

ထို့နောက် နိုးမေအပေါ်ထပ်ကို ခပ်သုတ်သုတ်တက်သွားလေတော့သည်

ဦးရာဇလည်းနိုးမေနောက်လိုက်ပြီး မြန်မြန်တတ်ပြေးရသည်

"တွေ့လား အမေကယုံလို့တော်သေးတယ် ပြောခင်ဗျားလုပ်တာကောင်းလားရေချိုးခန်းကြီးထဲမှာ တကယ်တော်တော်နှာဘူးထတဲ့လူ"

"ကိုယ်လဲ အားလုံးအိပ်ပြီထင်လို့သေချာ လို့လုပ်လိုက်တာပါကွာ ‌နောက် ဆင်ခြင်ပါ့မယ်"

"အွန်းအွန်း ခင်ဗျားနော် အမြဲအဲ့လိုပဲခင်ဗျားကိုယ်ခင်ဗျားပဲကြည့်တာ လူဂွစာကြီး"

"အဲ့လိုမဟုတ်ပါဘူးမိန်းမရယ် လာ ကိုယ်ရေသုတ်ပေးမယ်"

"‌ရတယ် ကိုယ့်ဘာသာကိုယ်လုပ်မယ်"

"မိန်းမကလည်းကိုယ်လုပ်ပေးပါရစေ "

"လုပ်! မြန်မြန်သုတ်ပေး"

.......................
နောက်နေ့မနက်ရောက်သော်အိပ်ယာနိုးနိုးချင်းမိခင်ဖြစ်သူပြောလိုက်သောစကားကြောင့်နိုးမေတော်တော်‌ကို စိတ်ညစ်သွားသည်

အိပ်ယာထက်ကအနမ်းပွင့်Where stories live. Discover now