[Unicode]
နာမည်ကြီးဒါရိုက်တာ ဇာတ်ညွှန်းရေးဆရာများ ရေးသားထားသော ဇာတ်ညွှန်းအထပ်လိုက်ကို ယွီရှင်းယူဆောင်လာ၏။ အကုန်လုံးမှာ ခေါင်းဆောင်မင်းသားနေရာကသာကမ်းလှမ်းထားတာဖြစ်ပြီး ဇာတ်ပို့ဇာတ်ရံနေရာ တစ်နေရာတောင်မပါပေ။
"ဒီတခုအတော်လေးကောင်းတယ်" ယွီရှင်းက လူငယ်အချစ်ဇာတ်လမ်းတစ်ခုကိုကောက်ယူပြီး ယွီချင့်ဟွမ် မျက်စိရှေ့ဝှေ့ယမ်းပြလာသည်။
နောက်ဆုံးတခေါက်က သူ ယွီချင့်ဟွမ်ကို မြို့ပြဟာသဇာတ်လမ်းတခုလက်ခံရန် အကြံပြုခဲ့ပေမယ့် ရှုံးနိမ့်ခဲ့ရ၏။ ဒီတခါမှာတော့ သူ၏အနုပညာရှင်ကို ပရိသတ်အကြိုက်နဲ့ကိုက်မည့် နည်းနည်းလောက်ပုံမှန်ဖြစ်တဲ့ ဇာတ်ညွှန်းမျိုးလက်ခံခိုင်းဖို့ သူဆုံးဖြတ်ထား၏။
"လူငယ်အချစ်ဇာတ်လမ်းလေးတွေက အခုအရမ်းကိုပေါ်ပြူလာဖြစ်နေတာ၊ မင်းရဲ့အသက်အရွယ်နဲ့လည်းအံကိုက်ပဲ"
ဇာတ်ညွန်းပေါ်ကနာမည်ကို သူလက်ညှိုးညွန်ပြလိုက်ပြီး ယွီချင့်ဟွမ်အား သူ့ရဲ့သုံးသပ်ချက်ကို ပေးလိုက်သည်။
"ဒါလေးက အဲ့လိုပုံစံဒရာမာ၊ အခုတလောနာမည်ကြီးနေတဲ့ဝတ္ထုကနေမှီငြမ်းထားတာ၊ စာဖတ်ပရိသတ်ဖန်အင်အားလည်းတောင့်ပြီးသားပဲ၊ မင်းသရုပ်ဆောင်တာကောင်းတယ်၊ ရုပ်ရည်လည်းချောတယ်၊ ရလဒ်ကသေချာပေါက်ဆိုးမှာမဟုတ်ဘူး"
ယခုနေရာကို ဒီလောကထဲဝင်ပြီး တနှစ်သာသာလေးနှင့် ယွီချင့်ဟွမ်ရောက်လာခြင်းက ယွီရှင်းစိတ်ထဲ အစစ်အမှန်မဟုတ်သလို တမျိုးခံစားရစေ၏။ ယွီချင့်ဟွမ်ရဲ့ နောက်ဇာတ်ကား ရစရာမရှိအောင်ရှုံးနိမ့်မှာကိုပဲ သူကြောက်ဒူးတုန်နေမိသည်။
သို့ဖြင့် ယွီချင့်ဟွမ်အတွက် သူခင်းကျင်းပေးထားသောလမ်းကြောင်းမှာ အကျွမ်းမဝင်သော နယ်မြေသစ်များကို ရဲတင်းစွာစူးစမ်းရှာဖွေရန်မဟုတ်ဘဲ သူ့မှာရှိတဲ့အစွမ်းအစပေါင်းစုံကိုအသုံးချပြီး အကြင်သူရဲ့လက်ရှိအောင်မြင်မှုများကို ထိန်းသ်ိမ်းထားရန်ဖြစ်၏။
"ဟင့်အင်း ကျွန်တော်အချစ်ဇာတ်လမ်းတွဲမရိုက်ချင်ဘူး"
ယွီချင့်ဟွမ်က သူ၏စိတ်စေတနာကို ကျေးဇူးတင်လိုက်ကာ ထိုဇာတ်ညွှန်းကိုဘေးဖယ်ထားလိုက်သည်။
YOU ARE READING
ရည်းစားလေးထားချင်မိတဲ့ကျွန်တော် (ဘာသာပြန်)
浪漫Title- I Just Want to Be in a Relationship Author- Lian Shou Status in COO- 96 Chapters+6 extras Original Publisher - JJWXC English translator- Flying lines Genre- Comedy,Drama,Romance,Slice of life,Yoai # I do not own this story. All the credits g...