SUPERVISOR အကို

27.2K 250 3
                                    

အညို အလုပ်ဝင်နေတာ သုံးရက်လောက်ပင်ရှိပြီ။ ကိုကြီးရဲ့အဆက်အသွယ်နဲ့ Mini martတစ်ခုတွင် saleတာဝန်ဖြင့် အလုပ်ရခဲ့သည်။ Saleဟုသာအမည်တပ်ထားပေမယ့် တကယ်တမ်းတော့ အရောင်းပိုင်းကိုပဲ အားစိုက်ပြီး တာဝန်ယူရသည်မဟုတ်။

Counterမှာလူလွတ်နေလျှင်လည်း Cashierဝင်လုပ်ရသည်။ စင်တွေပေါ်မှာ ပစ္စည်းလွတ်နေ ပေါက်နေလျှင် အနောက်ဘက် Storeထဲက ပစ္စည်းတွေထုတ်ပြီး ကိုယ်ပဲဖြည့်ရသည်။ Customer Serviceလည်း အပြည့်အဝပေးရသည်။ Customer Serviceမပေးလျှင် CCTV ရုံးမှတာဝန်ခံများက CCTVကနေတစ်ဆင့် အချိန်ပြည့် စောင့်ကြည့်ပြီး ဖုန်းဆက်ပြီးပြောတတ်တာမို့ CSပိုင်းကိုလည်း လစ်ဟင်းလို့မရ။ နောက်ဆုံး ဆိုင်သန့်ရှင်းရေးလုပ်တာက အစ ကိုယ်တွေတာဝန်ပဲမို့ အခုမှပထမဆုံးအကြိမ် အလုပ်စဝင်ဖူးသည့် အညို့အဖို့တော့ တော်တော်လေးပင်ပန်းပါသည်။ သို့သော် ပင်ပန်းပေမယ့်လည်း အညိုပျော်ပါသည်။ လူအများနှင့် ထိတွေ့ ဆက်ဆံပြောဆိုရသည့်အလုပ်မို့ပင်။

အလုပ်စဝင်ကတည်းက သူနှင့်ကိုကြီးလည်း မလိုးဖြစ်တော့သလို သူလည်းလက်နှင့်မနှိုက်ဖြစ်တော့။ အလုပ်က လူပင်ပန်းသည်ထက် စိတ်ပင်ပန်းတာက များတာကြောင့် အလုပ်ကပြန်ရောက်တာနဲ့ ရေချိုး ထမင်းစားသောက်ပြီးတာနဲ့ တန်းအိပ်ဖြစ်သည်မို့ပင်။

ဒီနေ့တော့ အညို နှင့် အခြားSale ဝန်ထမ်းအမတစ်ယောက်က Night Dutyကျသည်။ နှစ်ယောက်လုံးက အလုပ်ဝင်တာသက်တမ်းမကြာသေးသည့် အသစ်တွေဖြစ်တာကြောင့် Supervisor အကိုကလည်း လာကြည့်ပေးသည်။ ထို့ကြောင့် ညပိုင်းဆို ဆိုင်တွင်ဝန်ထမ်း နှစ်ယောက်သာရှိရမည်ဖြစ်ပေမယ့် ဒီနေ့တော့ သုံးယောက်ရှိနေသည်။

"မကြီး ဒီည ဆိုင်မှာအိပ်မှာလား"

ည ၈နာရီကျော်လျှင် ဆိုင်ရဲ့ လုပ်ဆောင်ချက်အရ Expire & Damageချရသည့် လုပ်ဆောင်ချက်ရှိသည်။ ပေါင်မုန့်တန်းနှင့် နို့နှင့် နို့ထွက်ပစ္စည်းတွေကို စစ်ရသည်။ အကယ်၍ ညပိုင်းDuty သမားက သေချာမစစ်ဆေးပဲ Expire&Damageမချခဲ့လျှင် နောက်နေ့မနက်ပိုင်းတာဝန်ကျတဲ့ ဝန်ထမ်းက ပြန်စစ်၍ Expire&Damageတွေ့ရှိလျှင် ညပိုင်းDuty ကျတဲ့ဝန်ထမ်းက အဆူခံရမည်မို့ အညိုနှင့်တာဝန်ကျတဲ့ မကြီးက ပေါင်မုန့်တန်းထဲ ခေါင်းစိုက်ကာ Expire Dateတွေကို အသည်းအသန် ရှာနေတော့သည်။

နွေရိပ်ညိုWhere stories live. Discover now