Intro

1.8K 81 25
                                    

Unicode

"ဦးစက်!"

ရှိုက်သံတစ်ဝက်နဲ့တုတုအသံတို့ကတိုးဖျော့တုန်ရီနေသည်။မျက်ရည်တို့ကပါးပြင်ပေါ်သို့ တစ်သွဲ့သွဲ့စီးနေတာ မြစ်တစ်စင်းလိုအရှိန်ကောင်းလျက်။သို့သော် ထိုအရာအားလုံးထက်အစထောင်ပေါင်းချီကာ ပိုနာကျင်ရသည့်နေရာဟာ တုတုရဲ့ နှလုံးသည်းပွတ်၏အနက်ရှိုင်းဆုံးအောက်ခြေတွင်ဖြစ်သည်။

"တုတု....အင့်...တုတု ဦးစက်ကိုချစ်တယ်"

တစ်ချက်ရှိုက်ရင်းဆက်ပြောလိုက်တဲ့တုတုရဲ့စကားကို ဦးစက်ကပုံမှန်စကားတစ်ခွန်းလိုပင်ခံစားရရဲ့လားမသိပါ။အခုထိတုတုကိုကျောခိုင်းနေခြင်းကနေတစ်ချက်လေးတောင်စောင်းငဲ့၍ကြည့်မလာခဲ့။

"ဦးစက်...."

စက်ရှိန်စိမ်းညှို့နေသည့်မျက်ခုံးတန်းတို့မသိမသာကုတ်ချိုးသွားကာ ဗာဒံစေ့ပုံစံမျက်ဝန်းတို့ကပါ စိတ်ရှုပ်ထွေးစွာမှေးကျဥ်းသွား၏။ဒါ့အပြင် ထူပြည့်ကာပိရီသေသပ်သည့်နူတ်ခမ်းမှ တစ်စုံတစ်ခုကိုမှမပြောကြားလိုသည့်တိုင် စက်ရှိန်ရဲ့တုန့်ပြန်မှု့ကိုမရမချင်းထိုချာတိတ်ဆက်ခေါ်နေမှာကြောင့်....၊

"ကိုယ် မင်းကိုမချစ်ခဲ့ဘူး...."

စကားသံဟာအေးဆေးတည်ငြိမ်လွန်းလှသည်။ထို့နောက် တစ်ချက်တောင်စောင်းငဲ့ကြည့်မလာဘဲကျောခိုင်းထွက်သွားသည့် ကျောပြင်ကျယ်ကြီးကို တုတုရင်နာစွာငေးကြည့်မိသည်။နင်းလျှောက်သွားသည့် ဦးစက်ရဲ့ခြေသံဟာ တုတုနှလုံးသားကိုဖြတ်နင်းလျှောက်လှမ်းသွားသကဲ့သို့....၊

"ဦးစက်မချစ်လည်း တုတုဦးစက်ကိုချစ်တယ်....၊ဒီဘဝမှာတော့ ဦးစက်ကတုတုအပိုင်ပဲ....၊ဦးစက်ကိုဘယ်တော့မှလက်လွှတ်မှာမဟုတ်ဘူး"

ဧည့်ခန်းထဲမှာကောင်လေးတစ်ယောက်အသံဟာ ပဲ့တင်လွှမ်း‌မိုးနေလျက်။သို့သော် တစ်စုဲတစ်ယောက်ကြားနိုင်မလားဆိုတာသည်တော့......။

_____________________________

Updateကြာမှာပါ ချစ်သည်းတို့ရေ။အဲ့ကြောင့် complete ဖြစ်မှဖတ်ချင်ဖတ်ကြပါ။အစက ဇမ်းတို့ပြီးမှဒါလေးရေးဖို့ပေမယ့် ဦးစက်ကတော်ပူတူးတူးအူကြူးကြူးလေးက အရမ်းဖတ်ချင်နေပြီမို့ ကျော်ခွဆိုက်ကားနင်းပြီးတော့ ကြိုUpထားလိုက်တာပါ။

Take My Heart || အာကာကိုလွှာပုံပြုမေယုကိုတဲ့စုတ်တံချီ ||Where stories live. Discover now