5

278 32 3
                                    

Unicode

"Lisa ya ငါဒီနားကဆိုင်မှာ တိပ်ခွေသွားငှားဦးမယ်နော် ဖလင်လိပ်ရရင်လဲ ဖလင်လိပ်ပဲယူခဲ့မယ်"

"သွားသွား"

Lisaမှာ ခေါင်းတောင်မထောင်နိုင်ပဲ စာတွေကိုအတင်းကြည့်နေသည် ဒီတစ်ခေါက်အစည်းအဝေးက Lisaတို့အလှည့်ဖြစ်တာကြောင့် ကြိုးစားပန်းစားProject ကိုလုပ်နေရှာသည်

Roséရဲ့အလှည့်ပြီးသွားပြီး အခုက Lisaလုပ်ရမဲ့အလှည့်ဖြစ်တာမလို့ Roséတစ်ယောက် ပျော်ပျော်ကြီးတိပ်ခွေဆိုင်ကိုသွားနေရှာသည်

ဆိုင်ထဲဝင်လာတာနဲ့Christina Aguilera ရဲ့Beautifulဆိုတဲ့သီချင်းကို တိုးတိုးသဲ့သဲ့လေးကြာရသည် Roséကလဲ မကြားတကြားလေး သီချင်းကို သံစဉ်နဲ့အတူလိုက်ညည်းနေသည်

"I am beautiful no matter what they say~"

ညနေ3နာရီခွဲ4နာရီလောက်ဖြစ်တာမလို့ နေရောင်က ဆိုင်ထဲထိဖြာကျနေပြီး အညိုရောင်နဲ့စက္ကူရောင်သာ အလှဆင်ထားသည့်ဆိုင်နဲ့ လိုက်ဖက်နေသည်

ပြတင်းပေါက်ကကြည့်ရင် ကားလမ်းရှိပြီး နောက်တစ်ဘက်မှာတော့ Rosé တို့အိမ်ရှိတယ် ဒီတိုင်းလှမ်းကြည့်ရုံသာကြည့်ရတာပါ အိမ်ကကျယ်ပေမဲ့ ခြံကပိုကျယ်တော့ အိမ်လေးကမြင်ကွင်းကြားမှာသေးသေးလေးကိုဖြစ်လို့။

ဆိုင်ထဲဝင်ခါစမှာ စာအုပ်စင်အကြီးကြီး2စင်ရှိသည် နောက်ပြီးတော့ ဖလင်လိပ်တွေ တိပ်ခွေတွေကိုနေရာတကျ စင်ပေါ်တင်ထားသည် နောက်ထိဆက်သွားရင်တော့ မိတ္တူနဲ့ဖိတ်စာလုပ်သည့်နေရာရှိသည်

"ဟင်"

Roséက သူလိုချင်တဲ့တိပ်ခွေကိုရှာနေတုန်းမှာပဲ Lisaလိုချင်နေတဲ့ Mr. & Mrs. Smith ဆိုသည့်ဇာတ်ကားဖလင်လိပ်ကိုတွေ့လိုက်သည်

"ဒုက္ခပဲ Lisaလဲမပါလာဘူး ငါကယူရမှာလားမယူရဘူးလား"

Lisa ရဲ့အကျင့်ကို Roséသိသည် မယူလာရင်လဲမယူလာလို့ရန်ဖြစ်ရဦးမည် ယူလာရင်လဲLisaက 7ရက်ကျော်တဲ့အထိမကြည့်လို့ ရန်ဖြစ်ရဦးမည်

Roséခေါင်းကုပ်ရင်း ဆိုင်ပြတင်းပေါက်ကတစ်ဆင့်မြင်ရတဲ့ သူတို့အိမ်အပေါ်ထပ်ကို စိတ်ရှုပ်စွာကြည့်လိုက်မိသည် မျက်နှာကလဲရှုံ့မဲ့နေတာ ရှဉ့်ပေါက်လေးနဲ့တောင်တူသည်

LocoWhere stories live. Discover now