That Feeling When

415 46 8
                                    

ပန်းကလေးက ပြောတယ် " ကိုယ့်ဘဝကမင်းရှိမှပြီးပြည့်စုံမှာ " တဲ့ ။ လေပြေညှင်းလေးက အသာအယာ တိုက်ခတ်သွားတယ် ။စကားလက်ဆောင်လည်းပါးလိုက်သေးတယ် ။ " သူကတော့မင်းကိုမသိပါဘူး" တဲ့

သံသရာဟာ တစ်ပတ်ပြီးတစ်ပတ် လည်နေသလို သူကလည်း ချစ်ပြီးရင်းချစ်တယ် ။ သံသရာရဲ့ အစွန်းတစ်ဖက်ကိုရောက်သွားတဲ့အခါ အချစ်မြစ်ဖျားခံရာက နှင်းဆီဖြူတို့ ပွင့်လို့လာသည်။ တုံ့ပြန်ချင်းမရှိတဲ့ အချစ်တွေအတွက် နှင်းဆီဖြူတွေက ဇာပန ရဲ့မရဏတဲ့ ။ နှင်းဆီတွေကို ဖယ်ထုတ်ဖို့ကြိုးစားရင်တော့ မင်းက သူ့ဖြစ်တည်မှုကို မေ့သွားပါလိမ့်မယ်။

T.F.W

" စီ စီနီယာ ဟို ကျွန်တော် စီနီယာနဲ့ ဓာတ်ပုံအတူရိုက်လို့ရမလားဟင် "

" အင်း "

" ကျေးဇူးတင်ပါတယ်ခင်ဗျ "

ဖုန်းထဲကဓာတ်ပုံလေးကို ဂျောင်ဝန်းကကြည့်ရင်း ပြုံးနေမိတယ် ။ သူသူ ငါငါ သွားလာလှုပ်ရှားနေတဲ့ကျောင်းသူကျောင်းသားတွေ ရယ် တစ်ယောက်တစ်ပေါက် ဖွင့်ထားကြတဲ့ ဆူဆူညံညံ တေးသီချင်းတွေရယ် နဲ့ နွေဦးပွဲတော်က အလွန်ပင်စိတ်ဝင်စားဖို့ကောင်းလွန်းနေသည် ။ ကျောင်းသူကျောင်းသားတွေက နွေဦး‌ပွဲတော်မှာ ပျော်ရွှင်နေကြပေမယ့် သူတို့က ဂျောင်ဝန်းရဲ့အပျော်ကိုမှီနိုင်လိမ့်မယ် မထင် ။

ဂျောင်ဝန်းက စီနီယာနဲ့အတူရိုက်ခဲ့တဲ့ပုံလေးကို မျက်တောင်မခတ်တမ်း ကြည့်နေသည်။ ဆယ်စက္ကန့်ဆိုတဲ့ အချိန်ကာလအပိုင်းအခြားတစ်ခုအတွင်း ဖြစ်သလိုရိုက်လိုက်ရတဲ့ပုံလေးထဲမှာတောင် စီနီယာရဲ့ အရှိန်အဝါက တောက်ပနေသည် ။ အဖြူရောင်ဆံနွယ်တွေ ၊ မှေးဆင်းနေတဲ့ မျက်ဝန်းတွေ ၊ ရဲဆွေးနေတဲ့ နှုတ်ခမ်းပါးတွေ နဲ့ ပါးပေါ်က မှဲ့နက်လေး ။ ဂျောင်ဝန်းက စီနီယာ့ပုံကို သေချာအသေးစိတ်ကြည့်ရင်း သူ့ရဲ့ နှလုံးသားအိမ်ကလေးကျဉ်တက်သွားသည်ကို ခံစားမိလိုက်သည် ။ ဒီထူးဆန်းတဲ့ ခံစားချက် ၊ လှောင်ပိတ်နေတယ် ၊ မွန်းကြပ်တယ် ၊ တစ်ခုခုက အပြင်ကို တိုးထွက်လာတော့မလိုပဲ ။ ဂျောင်ဝန်းက လည်ချောင်းတွေ ယားလာတယ် ။ ပျို့အန်ချင်လာတယ် ။ အတွင်းထဲကနေလှိုက်တက်လာတဲ့ ပန်းရနံ့ ၊ ထူးဆန်းတဲ့ ခံစားချက်တွေကို မထိန်းနိုင်တော့အခါ ဂျောင်ဝန်းက ပါးစပ်ကို အုပ်ကာ ချောင်းတစ်ချက်ဟန့်လိုက်သည် ။ ‌လက်ကိုပြန်ဖယ်လိုက်တဲ့အခါ လက်မှာ ကပ်ညိ‌နေသည်က နှင်းဆီပွင့်ဖတ်အဖြူတွေ ။  ဂျောင်ဝန်းက ဟက်ခနဲ တစ်ချက်ရယ်မိသည် ။ သူ့ခန္တာကိုယ် အတွင်းကနေ ဖြူလွှလွှနှင်းဆီပွင့်ဖတ်တွေထွက်လာသည် ကို အထူးတစ်လည် အံ့ဩနေခြင်းမရှိ ၊ ထိတ်လန့်သွားတာမျိုးလည်းမရှိ ။ ဒီအခိုက်အတန့်လေး ဒီခံစားချက်ကလေး အတွင်းမှာ ဂျောင်ဝန်းက စီနီယာ အပေါ် နှစ်နှစ်ကာကာချစ်မိသွားပြီ ။

You've reached the end of published parts.

⏰ Last updated: Nov 23, 2023 ⏰

Add this story to your Library to get notified about new parts!

𝑇ℎ𝑎𝑡 𝐹𝑒𝑒𝑙𝑖𝑛𝑔 𝑊ℎ𝑒𝑛 | YangsunWhere stories live. Discover now