အပိုင်း(၁၂)

541 31 0
                                    

ပြတင်းပေါက်မှဖြတ်ကာဝင်ရောက်လာတဲ့ နေရောင်စူးစူးကမျက်နှာပေါ်ထိုးနေသောကြောင့် သီဟ အိပ်မောကျနေရာမှ နိုးလာရသည်။ အကြောဆန့်ရင်းက ကြည့်မိတော့ သူဒီနေ့လည်း ဧည့်ခန်းထဲမှာပဲ အိပ်ပျော်သွားတာပဲ။

ဆေးရုံသွားဖို့ ပြင်ဆင်ကာ ရေချိုးနေရင်းက ညကမက်တဲ့ အိပ်မက်လှလှလေးကို သတိရသွားတော့ နှုတ်ခမ်းတွေက အလိုလို ပြုံးလာရပြန်သည်။ ဒါပေမယ့် အိပ်မက်က အသက်ဝင်လွန်းလို့ အပြင်မှာ တကယ်ဖြစ်နေသလိုခံစားနေရ၏။

နဒီ မနက်ခင်းအပင်တွေကိုရေလောင်းနေတုန်း သီဟ ထွက်လာတာ တွေ့လိုက်သဖြင့် အိမ်ထဲဝင်ပြေးဖို့ဟန်ပြင်လိုက်ပြီးမှ

*နေပါအုန်း၊ ငါကဘာလို့ ရှောင်ရမှာလဲ။ ရှောင်ခြင်းရှောင် အပြစ် လုပ်ထားတဲ့ သူကရှောင်ရမှာ မဟုတ်ဖူးလား။ အောင်မယ် အောင်မယ် သူကများ ငါ့လာရီပြနေသေးတယ်*

သီဟကတော့ မနေ့ညက ဖြစ်သွားသည့်အဖြစ်ကို အိပ်မက်မက်သည်ဟုသာထင်၍ နဒီ့ကိုတွေ့တော့ ရှက်ကိုးရှက်ကန်းဖြစ်မနေ အားနာမနေပဲ၊ ပြုံးပြပြီးတောင် နှုတ်ဆက်လိုက်ခြင်းက နဒီ့စိတ်ကို ဆွလိုက်သည်နှယ်

"ဒေါက်တာ ကျွန်မကို တစ်ခုခုပြောစရာမရှိဘူးလား😒"

ထူးထူးဆန်းဆန်း အနားရောက်လာကာ သူ့ပြောစရာမရှိဘူးလား မေးနေသည့် နဒီ့ကိုကြည့်ပြီး သီဟ အံ့အားသင့်နေရသည်။ ခုနောက်ပိုင်း သူ့အနားလာဖို့မပြောနဲ့ အရိပ်ကလေးတောင်မမြင်ရအောင်နေနေတတ်တာမို့

"ဗျာ ကျွန်တော်က နဒီ့ကိုပြောစရာ???မရှိပါဘူး၊ ဘာလို့မေးတာလဲဟင် နဒီ"

သူ့အဖြေကို အလိုမကျသလို မျက်မှောင်လေးအတွန့်ချိုးသွားပြီး လူကို ဘာမှမပြောပဲ အကြည့်စူးစူးလေးနဲ့ စိုက်ကြည့်နေတာကြောင့် သီဟမှာ အသည်းအသန်စဉ်းစားရတော့သည်။ သူဘာအမှားလုပ်ထားတာရှိလဲ။ ဘာပြောဖို့လိုနေတာလဲ။ အာာာ ဟုတ်သား အဲ့ကိစ္စပြောရအုန်းမှာပဲ..

"ဟုတ်သား၊ နဒီသတိပေးမှ ပြောဖို့သတိရတော့တယ်။ မနေ့က ဆေးရုံမှာ လူနာကြောင့် ကျွန်တော် ပရိတ်ကြိုးလေးပြတ်သွားတယ်၊ အဲ့ဒါ အန်တီ့ဆီက ထပ်တောင်းပေးပါအုန်း။ ဒါနဲ့ ကျွန်တော် ပရိတ်ကြိုးပြတ်သွားတာ နဒီက ဘယ်လို သိတာလဲ??🤔"

ကြောင်ပူးတဲ့ ဖူးစာWhere stories live. Discover now