အပိုင်း ( ၄ )

64 8 0
                                    

တဖွဲဖွဲကျနေတဲ့
မိုးစက်​တွေရယ်
စိမ်းစိုနေတဲ့
သစ်ပင်တွေကြားထဲက
အိမ်ပြန်လမ်းရယ်နဲ့
ဆရာက
ကျွန်တော့်မြင်ကွင်းထဲမှာ
ယောကျာ်းလေးတစ်ယောက်အတွက်
မသုံးသင့်တဲ့
လှတယ် ဆိုတဲ့
ဖြစ်တည်မှုမျိုး

( ၄ )

အိမ်မက်ဆိုးတွေကြားလူးလိမ့်နေတုန်းမှာပင် မသိစိတ်ထဲက ကျယ်လောင်စွာထွက်ပေါ်လာတဲ့ ဖုန်းမြည်သံကြောင့် အလန့်တကြားနိုးထလာရသည်

ဒီလိုမနက်ခင်းတွေမှာဆို နိုးလာတာနဲ့ တပြိုင်နက် လုပ်ရတဲ့အလုပ်က အသက်ဝအောင်ရှုဖို့သာ

တောက်လျှောက်မြည်နေတဲ့ အိပ်ယာဘေးစားပွဲပေါ်က ဖုန်းကိုကောက်ကိုင်လိုက်တော့ မျက်နှာပြင်ပေါ်က နာမည်ကြောင့် အစောက အိမ်မက်တွေတောင် ဘယ်ပျောက်သွားလဲမသိပါ

အခုလို မနက်ခင်းတွေမှာ ကျွန်တော်စိတ်လိုလက်ရမပြုံးခဲ့ရတာ ကြာပြီ

" အေး ဇေကြီး နိုးပြီလား "

တစ်ဖက်ကကြားလိုက်ရတဲ့ ဆရာ့ရဲ့အသံက တကယ့်ကို ဟိုးအရင် ၃ နှစ်ကအတိုင်း

" ဟုတ် "

" ရှမ်းသွားစားရအောင် ထွက်ခဲ့ ငါမင်းအိမ်အောက်ရောက်နေပြီ "

" ဗျာ "

" မြန်မြန်လုပ် စောင့်နေမယ် "

ပြောချင်ရာတွေပြောပြီး ဖုန်းချသွားတတ်တဲ့အကျင့်ကတော့အခုထက်ထိ မပြောင်းလဲသေးပါ

အမှန်အတိုင်းပြောရမည်ဆို ကျွန်တော် တကယ် အပျော်လွန်ပြီး ရင်တွေခုန်လာခဲ့တာ တကယ့်ကို မဟန်ဆောင်နိုင်အောင်ပေ

ချက်ချင်းပဲအိပ်ယာပေါ်က ကောက်ထပြီးမျက်နှာသစ် ၊ အဝတ်အစားလဲပြီး ပြေးဆင်းသွားမိသည်

အိမ်ထဲကထွက်တဲ့အချိန် မြင်တွေ့ရတဲ့ ဘေးတစ်စောင်းမြင်ကွင်းက ကျွန်တော့်ခြေလှမ်းတွေကို တိတ်ဆိတ်သွားစေ၏

တစ်ကိုယ်ရည်လွမ်းဆွတ်မှုWhere stories live. Discover now