𝐒𝐄𝐕𝐄𝐍 13

2.5K 183 6
                                    

Unicode.....

"သူဌေးရဲ့သားလာမယ်ဆိုတာ ဘာလို့ငါ့ကိုကြိုပြောတာလဲ"

"ဝမ်လဲသူဌေးရဲ့သားလာမယ်ဆိုတာသိဘူးဒုဥက္ကာ ပြီးတော့လချုပ်စာရင်းတွေတောင်းနေလို့..."

"ဘာ!!! မင်းပေးလိုက်လား"

"သူဌေးရဲ့သားကအခုချက်ခြင်းလိုချင်တယ်လို့ပြောတာနဲ့ ဝမ်လဲဒုဥက္ကာကိုဖုန်းဆက်ပါသေးတယ် ဖုန်းကဘယ်လိုမှဆက်မရဖူးဖြစ်နေတာနဲ့ စာရင်းဖိုင်ကလဲယူခိုင်းနေတာကြာနေပြီမို့ဝမ်လဲပေးလိုက်တယ်"

"မင်းကနည်းနည်းလေးမှမျက်နှာမလွဲဘူးပဲ အခုငါ Companyကိုလာခဲ့မယ်"

"ဟုတ်ကဲ့ဒုဥက္ကာဌ"

ပြောနေသည့်ဖုန်းလိုင်းဟာချက်ခြင်းဆိုသလိုကျသွားတာကြောင့် ဝမ်ဂျီတစ်ယောက်ဖုန်းကိုရင်ဘတ်ထပ်သို့ကပ်ထားမိရင်း။

"ဘယ်လိုလုပ်ရမလဲ....."

သူမနှလုံးခုန်သံတို့ဟာမြန်ဆန်လို့လာသလို လက်ဖျားခြေဖျား‌တို့ပင်အေးဆက်လို့လာတော့သည်။

.

.

.

"သူဌေးကော်ဖီ"

ကော်ဖီနှစ်ခွက်သယ်ကာဝင်လာသည့်အမျိုးသားက ခုနကအဝင်မှာတွေ့ခဲ့သည့်အမျိုးသားသာဖြစ်သည်။

"ကော်ဖီတစ်ခွက်ကတော့ပြန်ယူသွားလိုက်ပါ ယောင်းကကော်ဖီမသောက်တော့ အပြင်ကစတော်ဘယ်ရီဖျော်ရည်ဝယ်ပေးပါအုန်း"

"ဟုတ်ကဲ့ပါသူဌေး"

ကော်ဖီခွက်တစ်ခွက်ကိုပြန်ယူသွားသည့်အရှေ့ကအမျိုးသားကိုထယ်ယောင်းမျက်စိတစ်ဆုံးလိုက်ကြည့်မိပြီး ထိုအမျိုးသားအခန်းပြင်သို့ရောက်မှသာ။

𝚂𝙴𝚅𝙴𝙽 {𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎𝚍}Where stories live. Discover now