Final

205 28 2
                                    

My density on bus🖤

one shot🎀Final

ဂျောင်ဟွမ်း ရည်းစားလောင်းအစ်ကိုဖြစ်သူ
ဂျွန်ကယူ၏ အကူအညီ နဲ့
ဒိုယောင်းခိုင်းသည့် ကိစ္စကို နေ့တိုင်းအောင်မြင်နေသည်မှာ ယခုပင်
၃လမြှောက်ကိုပင်စတော့မည်ဖြစ်သည်။
ဒိုယောင်းနဲ့လည်း အရင်ကထက်ပိုပြီးနားလ​ည်မှုရှိလာပြီး ပိုပြီးပင် ဒိုယောင်းကိုချစ်လာမိသည်မှာ
အမှန်ဧကန်ပင်ဖြစ်သည်။

''ယောင်း ဒီမှာ ''

ကားပေါ်တက်လာသည့် ဒိုယောင်းကို လှမ်းခေါ်ပြီး ထိုင်ခိုင်းလိုက်တော့သည်။ ဒိုယောင်းလည်းသူ့ကိုမြင်တော့ ခေါင်းညိမ့်ပြုံးပြကာ နေရာသို့လျှောက်လာပြီးဝင်ထိုင်တော့သည်။

''ယောင်း ဘာစားလာခဲ့လဲ''

''အွန်း အိမ်က ပေါင်မုန့်မီးကင်နဲ့ ကော်ဖီလောက်ပဲ
စားလာတယ်''

''သြော် ဟုတ်လား
ဒါနဲ့ ယောင်း မောင့်ကိုပေးထားတဲ့ကတိကို
မှတ်မိသေးလား''

''ဟင် ဘာကိုလဲဟင်''

''အာ မေ့နေတာပဲ စိတ်တောင်မကောင်းဘူး''

''ဘာကြီးလဲဟင် ဟီး''

ဒိုယောင်းကပြောရင်းရီသည်။ သူသိလိုက်ပြီ
ဒိုယောင်းမသိချင်ယောင်ဆောင်ထားတယ်ဆိုတာပေါ့။

''ဟင် မေ့ထားချင်ယောင်ဆောင်တယ်ပေါ့ ဟုတ်လား''

ဒိုယောင်း လက်နှစ်ဖက်ကိုဆွဲယူပြီးဆုတ်ကိုင်လိုက်တော့သည်။

''ဟင့်အင်း မသိဘူးရယ်''

''မသိရင် အပြစ်ပေးရမယ်ထင်တယ်''

''ဘာအပြစ်ပေးမှာလဲ''

''နမ်းတဲ့အပြစ်''

''မုန်းစရာကောင်းလိုက်တာ''

''ပေးလိုက်ရတော့မလား''

''ဟိုး မလုပ်ရဘူး''

ဂျောင်ဟွမ်းရှေ့ကိုတိုး​လိုက်တဲ့အချိန်
ပါးစပ်လေးပိတ်ပြီး အနောက်ကိုမျက်စိမှိတ်ပြီး ဆုတ်သွားတဲ့ ကောင်လေးကြောင့် ဂျောင်ဟွမ်းရီမိလိုက်သည်။ဒိုယောင်းကိုကြည့်လေချစ်ဖို့ကောင်းလေပဲမို့ စချင်မိသည်။တစ်နေ့တစ်နေ့
မြင်နေရလေအရမ်းပိုင်ဆိုင်ချင်မိသွားတဲ့ ပြုစားတက်တဲ့ လူထူးဆန်းလေး။

My Density On Bus🖤Where stories live. Discover now