ပျောက်ဆုံးနိဗ္ဗာန်ဘုံ အပိုင်း (2.1)

34 7 0
                                    

လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀၀ ကျော်တုန်းက, ဥာဏ်ကြီးရှင် ကွန်ပြူတာအင်ဂျင်နီယာတစ်ယောက်က သူ့ရဲ့အဖွဲ့ကိုဦးဆောင်ပြီး စူပါAI-Edenကို ဖန်တီးခဲ့တယ်။ ဒီAIကို အသုံးပြုပြီး ဖြေရှင်းချင်ခဲ့တဲ့ ပြသနာတစ်ရပ်က အရင်က လူသားတွေတစ်ခါမှ မပျိုးထောင်ခဲ့ဘူးတဲ့ : ပိုမိုကောင်းမွန်တဲ့ ကမ္ဘာတစ်ခုကို ဘယ်လိုဖန်တီးကြမလဲဆိုတာပဲ။ 'ဟာမန်ကလော့ဒ်ဆန်'လို့ခေါ်တဲ့ ဆရာဝန်တစ်ယောက်က "ပိုမိုကောင်းမွန်တဲ့ကမ္ဘာကြီး"အတွက် သတ်မှတ်ချက်ဘောင်လေးခု ချမှတ်ထားခဲ့တယ်-
' လွတ်လပ်မှု၊ တရားမျှတမှု၊ စည်းစနစ်ကျမှုနဲ့ ငြိမ်းချမ်းရေး' တို့ပဲ။

ကလော့ဒ်ဆန်ဟာ လူသားစနစ်ကြီးတစ်ခုလုံးက လူသားတွေရဲ့ လောဘတရားကြောင့်ပဲ အမြဲထာဝရ
စာရိတ္တပျက်ပြားလာမယ်လို့ ယုံကြည်ခဲ့တယ်။ ; အကျိုးဆက်ကတော့ သူက လူသားမျိုးနွယ်ကို ယုံကြည်မှုမရှိတော့ဘူး။ သူဟာ ဒီကမ္ဘာကြီးပေါ်က စိတ်ပျက်ဖွယ်ပြသနာတွေဖြစ်တဲ့ ဆာလောင်မှုဖြစ်စေ
ညှင်းပန်းနှိပ်စက်မှုနဲ့ဖိနှိပ်ချုပ်ချယ်မှုတွေဖြစ်စေအကြမ်းဖက်ဝါဒီတွေ သို့မဟုတ် လူမျိုးစုဆိုင်ရာပဋိပက္ခတွေအားလုံးကို လူသားတွေက ကိုယ်တိုင် အဖြေမရှာနိုင်ဘူးလို့ ယုံကြည်ခဲ့တယ်။ ဒါတွေကို ဖြေရှင်းဖို့က ကိုယ်ကျိုးမငဲ့ ပိုပြီးအကျိုးရှိတဲ့ အင်အားတစ်ရပ်ကို ရှာဖွေရမယ်လို့ ဆုံးဖြတ်ခဲ့တယ်။ Eden က သူရှာတွေ့ခဲ့တဲ့ အင်အားတစ်ရပ်ပဲ။ ဘယ်လူသားမျိုးစိတ်မဆို Edenရဲ့ ကြီးထွားလာမှုကို နှောက်ယှက်ဖို့နဲ့ မှားယွင်းတဲ့နေရာမှာ အသုံးချတာတွေကနေ ကာကွယ်ဖို့ လူသားတွေဆီကနေ လုံးဝကို အမှီအခိုကင်းပြီး သူ့ဘာသာ သင်ယူနိုင်၊ ပြုပြင်ထိန်းသိမ်းနိုင်ပြီး ကိုယ်တိုင်အဆင့်မြှင့်တင်နိုင်တဲ့ ရှုပ်ထွေးတဲ့တည်ဆောက်ပုံတစ်ခုကို ဒီဇိုင်းရေးဆွဲခဲ့တယ်။ ဒါ့အပြင် လူသားတွေကို သတင်းပေးပို့ခြင်းမရှိဘဲ ကိုယ်ပိုင် စည်းမျဥ်းတွေကို တိုက်ရိုက်အကောင်အထည်ဖော်ခွင့်ကိုပါ Edenကိုအပ်နှင်းပေးထားတယ်။

သူ မမျှော်လင့်ထားမိတာကတော့ Edenဟာ ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ နိုင်ငံအမျိုးမျိုးက ပြစ်မှုမှတ်တမ်းတွေနဲ့ သမိုင်းထဲက စစ်ပွဲဖြစ်ရပ်တွေကို စုဆောင်းပြီးတဲ့အချိန် ဆယ်စုနှစ်နဲ့အထက် ကြားဝင်နှောက်ယှက်ခြင်းမရှိဘဲ စူးစမ်းလေ့လာမှုနဲ့ သင်ယူပြီးသွားတဲ့နောက်မှာတော့ မှုခင်းကိစ္စတွေ ပရမ်းပတာဖြစ်ရပ်တွေနဲ့ သတ်ဖြတ်ခြင်းတွေအားလုံးက တစ်ခြားဖြစ်နိုင်ချေရှိတဲ့ အချက်တွေထက် ပိုပြီးသန်မာအားကောင်းတဲ့ အချက်တစ်ခုနဲ့သွားရောက်ဆက်နွယ်နေတယ်ဆိုတာကို  Edenက ရှာဖွေတွေ့ရှိလာခဲ့တယ်။

အဲ့တာက ' Yခရိုမိုဇုန်း ' ပဲ

T/N  မျိုးရိုးဗီဇထဲမှာ Yခရိုမိုဇုန်းနဲ့  X ခရိုမိုဇုန်းဆိုပြီးရှိတဲ့အထဲကမှ Yခရိုမိုဇုန်းပါရင် မွေးလာတဲ့ကလေးက ယောက်ျားလေးဖြစ်မှာပါ ဒီတော့ Eden ပြောချင်တာက ဒီမကောင်းမှုတွေအားလုံးကို ကျူးလွန်နေတဲ့သူက အမျိုးသားတွေလို့ သတ်မှတ်လိုက်တာပါ

တကယ်တော့, လွန်ခဲ့တဲ့ နှစ်၁၀၀ကျော်တုန်းက ကမ္ဘာပေါ်မှာ အင်အားအကြီးဆုံးနိုင်ငံဖြစ်တဲ့ အမေရိကန်နိုင်ငံမှာ ပြင်းထန်တဲ့ ပြစ်မှုအတွက် ဖမ်းဆီးထိန်းသိမ်းခံရတဲ့ ရာဇဝတ်သားတွေရဲ့ ၈၀ရာခိုင်နှုန်းက ယောက်ျားတွေပဲ။ ပိုပြီးတော့ ရှေးရိုးစွဲတဲ့ အာရှနိုင်ငံအတော်နျားများမှာတော့ ရာဇဝတ်သားနှုန်းထားက ပိုပြီးတော့တောင် မြင့်သေးတယ်။

ရှုပ်ထွေးပြီးတော့ လေးလံတဲ့ ဒေတာတွေကို တွက်ချက်လို့အပြီးမှာတော့ စူပါကွန်ပြူတာ Eden က အနှစ်ချုပ်လိုက်တယ် : ပိုမိုကောင်းမွန်တဲ့ကမ္ဘာကြီးကို ဖန်တီးမယ်ဆိုတဲ့ ပန်းတိုင်ကို အနည်းဆုံး ၈၅ ရာခိုင်နှုန်းထိ အောင်မြင်ဖို့ဆို လူသားယောက်ျားတွေအားလုံး ဒီကမ္ဘာပေါ်ကနေ လုံးဝပျောက်ကွယ်သွားရမယ်။

Edenက ပထမဦးဆုံး မျိုးပွားခြင်းဆိုင်ရာ ကျွမ်းကျင်သူတွေကို 'မျိုးအောင်ခြင်းမရှိဘဲ မျိုးပွားနိုင်တဲ့စမ်းသပ်မှု' ကို ဖွံ့ဖြိုးဖို့ရာအတွက် ကူညီပေးခဲ့တယ်။ 'မျိုးအောင်ခြင်းမရှိဘဲ မျိုးပွားနိုင်မှု' ဆိုတာက အမျိုးသမီးရဲ့သားဥကနေ ခရိုမိုဇုန်းတွေကို ဆွဲထုတ်ပြီး လူလုပ်သုတ်ပိုးကို ဖန်တီးပြီးတဲ့နောက် အခြားအမျိုးသမီးရဲ့ သားဥထဲကို ဝင်ရောက်ပြီး သန္ဓေအောင်ဥအဖြစ် ဖြစ်ပေါ်စေနိုင်တဲ့ နည်းပညာတစ်ခုပဲ။ ဒီနည်းလမ်းက သာမန်လို မျိုးအောင်ခြင်းမရှိဘဲ မျိုးပွားနိုင်မှုကနေ ကွဲလွဲသွားစေနိုင်တဲ့ဖြစ်နိုင်ချေကို လျော့ချပေးနိုင်ရုံတင်မကဘူး မျိုးပွားခြင်းနဲ့ လိင်ဆက်ဆံမှုကိုလဲ လုံးဝကို သီးခြားစီဖြစ်သွားစေနိုင်ဖို့ရာ သေချာစေတယ်။ ဒီလိုနဲ့ မျိုးပွားခြင်းဖြစ်စဥ်မှာ ယောက်ျားတွေက မလိုအပ်တော့တဲ့အရာတစ်ခု ဖြစ်လာတော့တယ်။ တစ်ချိန်တည်းမှာပဲ နည်းပညာကို မျိုးမအောင်စေတဲ့နေရာမှာပဲ အသုံးပြုခဲ့ကြတယ်; ဒါဟာ သာမန်လူအဖွဲ့အစည်းမှာ ယောက်ျားတွေရဲ့လွှမ်းမိုးမှုကို သက်ရောက်စေတဲ့အထိ အကျိုးသက်ရောက်မှုမရှိခဲ့ဘူး။




《 机械师 》The Mechanic Drive Folder || ဘာသာပြန် ||Tempat cerita menjadi hidup. Temukan sekarang