''လူနာက အသက်အန္တရယ် စိုးရိမ်ရပါတယ် သတိမရရင်တော့ အသက်မရှိတော့ကြောင်းအတည်ပြုလို့ရလောက်ပါပြီ"
''ဘာ ဆရာရယ် ကျွန်တော့သမီးကိုအတတ်နိုင်ဆုံးကယ်ပေးပါ ကျသလောက်ပေးဖို့အဆင်သင့်ပါ ဘယ်ကောင်ကငါ့သမီးကိုရက်ရက်စက်စက်လုပ်ရတာလဲကွ"
''ကားတိုက်တဲ့သူက ထွက်ပြေးသွားပါတယ် ဘယ်လိုမှမသိရတာပါ"
''တောက်! ယုတ်မာလိုက်တဲ့ကောင်"
''ဟေးး"
''ဆက်...ဆက်အာဏာ မင်းဘယ်လိုရောက်လာတာလဲ"
''ဘာတွေလန့်နေတာလဲဦးတည်တံ့ ကျွန်တော်က ဟိုဘက်ခန်းက ကျွန်တော့်အမေဆီလာကြည့်တာ ခများကဘာလို့ဒီကိုရောက်?"
''ငါ့သမီးကိုကွာ ကားတိုက်ပြီးထွက်ပြေးသွားလို့ ကွ"
ထိုစကားကိုကြားလိုက်တော့ သံယောဇဉ်တွယ်မိတော့ ဆက်အာဏာက စိတ်ပူသွား၍
''ခများသမီးဆိုတာက နွယ်လား?"
''အေးပေါ့ကွ ဒါတွေအားလုံးမင်းကြောင့်ဖြစ်ရတာ မင်းသာငါ့ကုမဏီကိုပြိုလဲအောင်မလုပ်ရင်ဒါတွေဖြစ်လာမှာမဟုတ်ဘူး"
''လူနာသတိရလာပါပြီ သတိရလာတဲ့အတွက်ဘာမှစိုးရိမ်စရာမရှိတော့ပါဘူး ပွန်းပဲ့တာလောက်ဘဲရှိတာမို့ မနက်ဖြန်လောက်ဆိုရင်ကိုဆေးရုံတောင်ဆင်းလို့ရပြီရှင့် "
''ဟာ ဟုတ်တယ် ဒေါက်တာ ကျေးဇူးအများကြီးတင်ပါတယ်ဗျာ ကျွန်တော်၀င်ကြည့်လို့ရမလား"
ဦးတည်တံ့ပြောတဲ့စကားကိုဆက်အာဏာကစကားဖြတ်၍
''နေအုန်း ဦးတည်တံ့ ကျွန်တော်အရင်၀င်ကြည့်လို့ရမလား?"
''ဘာကွမင်းနဲ့ဘာဆိုင်လို့လဲမင်းထွက်သွား"
''သိန်း500ပေးမယ်ဆိုရင်ကော်?"
ပိုက်ဆံမက်တဲ့ဦးတည်တံ့ကိုစကားပြောဖို့ ပိုက်ဆံသုံးရမယ်ဆိုတာတော့ ဆက်အာဏာအသိဆုံးဖြစ်သည်။
''ဒါဆိုရတယ် ၀င်၀င် "
''ရော့ ကဒ် အဲ့ထဲမှာရှိတယ် အေးဆေးနေလိုက်ကျွန်တော်ပြီးမှပြန်ထွက်လာမယ်"
YOU ARE READING
𝐀 𝐌𝐨𝐧𝐞 𝐂𝐡𝐨 𝐂𝐡𝐨 - အမုန်းချိုချို
Romance''ငါမင်းကိုချစ်မိလေ မင်းပိုနာကျင်စေရလေဘဲ ထိပ်ထားနွယ်" ''မင်းအမြဲနာကျင်ရမယ်လို့ ဆက်အာဏာဆိုတဲ့ငါ့ရဲ့ကတိဘဲ" BDSM typeမို့ 21ပြည့်မှဖြစ်ပေးပါလို့တောင်းဆိုချင်ပါတယ် Start Date🥀 ~4.10.2023 End Date🥀 ~