Part 7

5.2K 59 0
                                    

Coral Island 7

.....ဘက်ဒီရဲ့ လျှာက ခံတွင်းအနှံ့ ​ခြေဆန့်​နေလိုက်တာ နှုတ်ခမ်း​ဒေါင့်က​နေ​ခပ်ချွဲချွဲ သ​ရေ​တွေ​တောင် လျှံကျ​လာတဲ့အထိ။ ​အောက်ဆီဂျင် ပျက်မတက်
အနမ်းကြမ်းကြီး​ကြောင့် ဘက်ဒီရဲ့ ရင်ဘက်ကို ခပ်ကြမ်းကြမ်း​လေး ထုကာ သတိ​ပေးလိုက်တယ်။

"​​အေးလာပြီ ကန်ထဲက​နေတက်ကြရ​အောင်"

"ကိုကို ရှက်​နေတာလား "

ဂိုဂီက ခပ်​ဖျော့​ဖျော့ ​လေသံနဲ့

"မ .. သိ .. ဘူး.."

"ကိုကို တကယ်ရှက်​နေတာပဲ
ကိုကို့ကို ကျွန်​တော် ချီသွား​ပေးမယ်"

ဂိုဂီကို လက်တစ်ဖက်တည်းနဲ့ ဂျိုင်းက​နေမ,ချီသွားလိုက်တာ ​ခြေ​ထောက်က ​​ရေသူမ​ ရေကူး​နေသလို​လေး ဖြစ်​နေတာ​ပေါ့ ၊မသိရင် က​လေး​လေး
ချီသလိုလိုနဲ့..

'အား.....ရှက်လိုက်တာ'

ချွတ်ထားတဲ့ အဝတ်ကိုပဲ ပြန်ဝတ်ထားလိုက်​တော့တယ်။ အခြားဝတ်စရာမှ
မရှိတာအဆင်​ပြေသလို ကြည့်လုပ်ရတာ​ပေါ့။

ပင်ပန်း​နေတဲ့ ခန္တာကိုယ်က စတင်ပြီး​တော့ ​ဝေဒနာ​တွေကို ခံစားလာမိ​နေပြီ။
ဗိုက်ထဲက​နေ တဂွီဂွီ အသံ​လေးနဲ့ အတူ မျက်​တောင်​လေး​တွေကလည်း
ဧရာမ ​ကျောက်တုံးကြီးကို သယ်ထားရသလို ​လေးလံ​နေတယ်။

"ကိုကို အိပ်ချင်ရင် အရင် အိပ်ထားလိုက်ပါလား "

"ကျွန်​​တော် ဘယ်ရီသီး ဖြစ်ဖြစ် အသီးတစ်ခုခုကို သွားရှာလိုက်မယ် "

"ကိုကို တစ်​ယောက်တည်း ဂူထဲမှာ ​နေလို့ အဆင်​ပြေလား"

"အဆင်​ပြေပါတယ် ဘက်ဒီလည်း သွားတာ ဂရုစိုက်ဦး"

"ကျွန်​တော် စိတ်ချမယ်​နောကိုကို"

ဂိုဂီက ​ခေါင်း​လေးကို သာသာ နှိမ့်ပြ​လိုက်တယ်။ အဲ​နောက် ဘက်ဒီက အစာ ရှာထွက်သွားတယ်။ ဘယ်ရီသီးပင်က ​ရေတံခွန် အနီးတဝိုက်မှာပဲ ရှိလို့ ခပ်​ဝေး​ဝေး မသွားရှာထိလို့ အဆင်​ပြေသွားတယ်။ 

​နေကလည်း တ​ဖြေး​ဖြေး ဝင်လာ​တော့ ​မှောင်ရီစ ပြုလာ​နေပြီ။
ဂူထဲမှာ ကိုကို တစ်​ယောက်ပဲ ကျန်​နေ​တော့ စိုးရိမ်ပြီး ​ခြေလှမ်းကို ခပ်သွက်သွက်​လေး ​လျှောက်​နေမိတယ်။

'​အော ​တွေ့ပါပြီး က​လေး​လေးလို ​ကွေးပြီး အိပ်​နေတာ တကယ့်ကို
ချစ်စရာ​လေး'.....

Coral IslandWhere stories live. Discover now