အပိုင်း (၁၃)

474 66 8
                                    



[Unicode]

Who moved my ashes (13)

"ငါ နင့်ကို မကြိုက်ခဲ့ရင်တောင် ငါ့ရင်ထဲမှာ ရှိတဲ့ နင့်ရဲ့နေရာကို ဘယ်သူမှ အစားမထိုးနိုင်ဘူးရယ်။ ပြီးတော့… ငါ နင်ကို ကြိုက်နေတာပဲလေ"

Jennie ရဲ့စကားကြောင့် Lalisa ခဗျာ ကြောင်အမ်းလို့ သွားရှာကာ ခဏတွင်းချင်း မျက်နှာတစ်ခုလုံး ရဲတက်လာခဲ့လျက်။ ခေါင်းကို ဘေးသို့ စောင်း၊ အောက်နှုတ်ခမ်းကိုလည်း ကိုက်လို့ထားပုံအရ အတော်ရှက်သွားသည့်အနေအထားပင်။ ခဏကြာလေတော့မှ Jennie ဘက်သို့ ပြန်လှည့်လာခဲ့သည်။

ထိုနောက် စကာလုံးတစ်ချို့ကို ရေရွတ်လာသည့်တိုင် လွန်စွာတိုးညှင်းလှသောကြောင့် Jennie လည်း သေချာမကြာလိုက်ချေ။ Jennie က Lalisa ရဲ့လက်မောင်းကို ဖျန်းခနဲ လှမ်းရိုက်လိုက်ကာ နားကို Lalisa ရဲ့ပါးစပ်နားတိုးကပ်လိုက်ပြီး -
"ဘာပြောလိုက်တယ်။ ကျယ်ကျယ်ပြောပါဟ ဘာမှကို မကြားလိုက်ဘူး"

"ငါပြောလိုက်တာက…"

Lalisa က အသက်ပြင်းပြင်း တစ်ချက်ရှူ၊ ရှိသမျှ သတ္တိလေးကို စုစည်းလိုက်ရင်း အသံကို ကျယ်လိုက်လို့-
"နင့်ကို နမ်းချင်တယ်လို့…"

ခြောက်ခွန်းမျှသာ ရှိသော စကားလုံးတို့သည် တစ်ခွန်းပြောပြီးတိုင်း ပိုပိုတိုးတိမ်သွားသည်မှာ ပြောသူ၏ သတ္တိကို အထင်အရှားပြသနေပါ၏။ Jennie ခဗျာတော့ Lalisa အား စပရိုက်ဖြစ်ဖြစ်နဲ့ ကြည့်မိလိုက်သည်။ Lalisa ဟာ Lalisa နဲ့ မလိုက်အောင်ကို မတရားရှက်ပြနေခြင်း မဟုတ်ပါလား။ သူက Lalisa ကို အီလေးဆွဲ၊ အပျင်းထူတက်သူဟု ထင်ခဲ့ပါသော်လည်း တကယ်တမ်းတွင် ထိုကောင်မလေးက ရှက်ရွံ့နေခြင်းတဲ့။

Lalisa ရဲ့ယခုပုံစံလေးဟာ အလွန်အတွေ့ရှား၏။ ကိုယ့်ကိုယ်ကိုယ် Lalisa ရဲ့အရှင်သခင်မအရာ ရောက်နေသည့်အလား မိမိ၏ စကားအခွန်းတိုင်းဟာ Lalisa ရဲ့‌ပျော်ရွှင်မှုကို တပြောင်းတပြန်လုပ်နိုင်သလို ခံစားနေမိ၍ Jennie ရဲ့စိတ်ထဲ ကျိတ်ကျေနပ်နေမိသည်။
တအားလည်း ပျော်နေသောကြောင့် Jennie မှာ ပြုံးတောင် ပြုံးမိသွားလေရဲ့။ ရက်ရက်ရောရောနှင့်
"ရတယ်လေ" လို့တောင် ပြန်ပြောမိလိုက်ပါသေးသည်။

Who Moved my ashesWhere stories live. Discover now