Part4Zawgyi

69 3 0
                                    

ဒီနေ့မဒီတို့Company ကိုပိုင်ရှင်လာမှမို့စောစောသွားရသည် သူဌေးကိုမဒီတစ်ခါမှမမြင်ဘူးပေ သူဌေးကတခြားCompany ခွဲမှာသွားဦးစီးနေတာမို့ မဒီမမြင်ဘူးတာပါ သူဌေးကဒီနေ့လာပြီးsecretary ရွေးချယ် မကြိုက်တဲ့သူကိုထုတ်ပစ်မယ်ဆိုလို့ မဒီမှာရင်တထိတ်ထိတ်ပင် အလုပ်သစ်ရှာရတာလွယ်ကူမနေ မဒီCompany ရောက်တော့သူဌေးကရောက်နေပြီဟုCompany မှအမတစ်ဦးမှပြောသောကြောင့်နာရီကြည့်လိုက်တော့ 8:15ပဲရှိသေးသည်အလုပ်က9:00မှစသည်ကို မဒီအလုပ်စားပွဲမှာထိုင်ပြီးကျန်တဲ့အလုပ်တွေကိုလက်စသတ်နေလိုက်တယ် ခဏနေတော့ သူဌေးကခေါ်တယ်ဆိုလို့ မဒီလန့်သွားသည် မဒီCompany လာတာနောက်ကျလို့များလားအတွေးပေါင်းသောင်းခြောက်ထောင်နဲ့ သူဌေးအခန်းဆီကိုဝင်သွားလိုက်တော့ သူဌေးကအမျိုးသမီးတစ်ယောက်ပင် မဒီကိုနောက်ကျောပေးပြီးပြတင်းပေါက်အပြင်ဘက်ကိုကြည့်နေသည် ထိုအမျိုးသမီးကိုမဒီရင်းနှိးနေသည် မဒီလဲသူဌေးကိုခေါ်လိုက်တော့လှည့်ကြည့်လာသည့် မျက်နှာလှလှမှာအန်တီဖြစ်နေသည် ရင်တောင်ခုန်သွားသည်'အံ့သြသွားလား" 'ဟုတ်ကဲ့အန်တီ"မဒီတကယ်အံ့သြသွားသည်ကို အန်တီကမဒီကိုsecretary ခန့်သည်တဲ့ မဒီအတိုင်းမသိပျော်မိသည် .........အန်တီကမဒီကိုနေ့လယ်စာစားဖို့ခေါ်သည် မဒီလဲအားနာလို့မလိုက်ဖို့ငြင်းပေမယ် အန်တီကိုမနိုင်ပေ Restaurantတစ်ခုကိုသွားပြီးနေ့လယ်စာစားနေတုန်းမဒီရဲ့အသိယောကျားလေးသူငယ်ချင်းတစ်ယောက်နဲ့တွေ့လို့ စကားပြောနေတော့အန်တီမျက်လုံးတွေကမဒီသူငယ်ချင်းကိုထသတ်တော့မလို့ခဏနေတော့သူလဲပြန်သွားတော့မဒီတို့လဲပိုက်ဆံရှင်းပြီးဆိုင်ထဲကထွက်လာတော့အန်တီကအူတိုနေသည့်ထင်သည် ဟူး....ထိုအမျိုးသမီးနဲ့တော့ရူးရချည်ရဲ့ အန်တီကအရှေ့ကနေမြန်မြန်လျောက်သွားသည်မို့ မဒီအမြန်လိုက်ပြီးသူမလက်ကိုကိုင်လိုက်တော့ အန်တီကရပ်သွားပြီး မဒီဘက်ကိုလှည့်ကာတောက်ပသောမျက်လုံးေတွနဲ့ကြည့်နေသည်မို့ မဒီပြုံးမိသည် 'မင်းအရမ်းမပြုံးပါနဲ့လားကွာ" 'ဘာလို့လဲရှင်" 'မင်းပြုံးရင်တို့ခဏခဏသေလို့ပါ" 'ဟား..ဟားဟုတ်ပါပြီဒေါပဋိပက္ခဒြာ" ဒြာရှေ့တွင်ကလေးငယ်တစ်ယောက်လို့ဖြူစင်သန့်ရှင်းစွာရယ်နေသည့်ကလေးမကို ကြည့်ရင်းကြည့်ရင်းနှလုံးသားရဲ့အတွင်းထဲထိနစ်အောင့်ချစ်မိသည် မဒီတို့Companyကိုပြန်ခဲ့ပြီးကိုယ်အလုပ်ကိုယ်စီလုပ်ကြသည် ရုံးဆင်းပြီမို့မဒီအိမ်ပြန်သည် အိမ်ရောက်တော့ရေချိုးပြီးပေါ့ပေါ့ပါးပါးအ၀တ်ကလေးဝတ်ကာ အိမ်အောက်ထပ်ဆင်းကညစာချက်လိုက်သည် ....ညစာစားပြီးတော့မဒီခြံထဲဆင်းကာလမ်းလျောက်လိုက်မှနေသာထိုင်သာရှိသွားသည် မဒီအိမ်တံခါးရတွေသေချာပိတ်ကာအပေါ်သို့တက်ပြီးအိပ်ခန်းထဲဝင်မည့်လုပ်ချိန် အသံချိုချိုလေးဖြင့် ခင်ရယ် ခင်ရယ်သိပ်ချေမိုးလွန်းတော့ကွယ် မောင်ရင်ထဲဝမ်းနည်းရပါတယ် ဟုသီချင်းဆိုသည့်အသံကြောင့်မဒီသိချင်စိတ်တို့ကြောင့်ဝရံတာကိုထွက်ကာကြည့်လိုက်တော့ဂစ်တာတစ်ခုနှင့်အန်တီပင် မဒီအိမ်ရှေ့မျာသီချင်းလာဆိုတယ်ဆိုတော့ မဒီကိုချစ်တယ်ဆိုတဲ့သဘောလား မဒီမှာချစ်သူလည်းရှိတယ်ပြီးတေ့မဒီကstraightတစ်ယောက်ဖြစ်နေသည်လေ ဒါပေမယ့် မဒီအန်တီကိုချစ်လားမချစ်လားမသိ အန်တီလိုမိန်းမမျိုးကယောကျားတွေတင်မဟုတ်မိန်းမတွေပါလိုချင်သည့်ပုံစံပင် မဒီအဲ့ညကတော်တော်နဲ့အိပ်မရခဲ့တာ ဘယ်လောက်စဉ်းစားစဉ်းစားအဖြေထွက်မလာပင် တော်သေးသည်ဒီနေ့ကရုံးပိတ်သည့်မို့ မောင်နဲ့ဖုန်းပြောဖြစ်သည့်မောင်ကcafeတစ်ခုခုမှာတွေ့ရအောင်တဲ့

I miss you my little girl❤️Where stories live. Discover now