29

6.1K 790 21
                                    

Chapter 29

" အရင်နှစ်က စုကျီနန်က ကံကောင်းသွားပြီး ချီယုကို တွေ့ခဲ့တယ်လေ ... ချီယုက သူ့ကို အလျော့ပေးခဲ့တယ် ... ကာလက်နဲ့ စုကျီနန်က ၈ပွဲနိုင် ၂ပွဲရှုံးနဲ့ အတူတူ သရေဖြစ်နေကြတာ ... ချီယုက အလျှော့ပေးလိုက်တော့ စုကျီနန်ရဲ့ လုပ်ဆောင်ချက်တွေက ကာလက်ထက်မြင့်သွားတာ အဲ့ကိစ္စကြောင့်သာ မဟုတ်ရင် အစားထိုးအဖြစ် ပါသွားနိုင်မှာ မဟုတ်ဘူး ..."
ခယ့်လိုင် ပြောလိုက်သည်။

လော့ဝမ်ချွမ်းက တစ်စုံတစ်ခုကို စဉ်းစားနေသကဲ့သို့ ဘာမှ ပြန်မပြောပေ။

ခယ့်လိုင်က ယှဉ်ပြိုင်ရမည့် စာရင်းကိုကြည့်ပြီး တအံ့တဩနှင့် ပြောလိုက်သည်။
" အား ... ကာလက်ရဲ့ပြိုင်ဘက်က ယွမ်ရှင်းကျဲတဲ့ ... မင်းရဲ့ မက်ခါကို ကူပြင်ပေးခဲ့တဲ့ အိုမီဂါလေးလေ ..."

" ငါသိတယ် ..."
လော့ဝမ်ချွမ်းက အေးအေးဆေးဆေးပင် ပြန်ဖြေလိုက်သည်။

ခယ့်လိုင်က သူ့ကို စိတ်ရှုပ်ထွေးစွာဖြင့် ကြည့်လိုက်သည်။
" မင်း သိတယ်လား ... ဘယ်တုန်းကများ ဒီလိုကိစ္စတွေကို ဂရုစိုက်တတ်သွားတာတုန်း ..."

လော့ဝမ်ချွမ်းက သူ၏မေးခွန်းကို ပြန်မဖြေသည့်အပြင် ထပ်မေးလိုက်သည်။
" မင်း ဆိုရင်ရော ဘယ်လိုလုပ်မှာလဲ ..."

" ဟမ် ..."
ခယ့်လိုင် လန့်သွားသော်လည်း မျက်မှောင်ကြုတ်ပြီး ဂရုတစိုက် တွေးလိုက်သည်။

" တစ်ခုတည်းသော နည်းလမ်းကတော့ မက်ခါကို တာဝေးပစ်မက်ခါဖြစ်အောင် မွမ်းမံလိုက်ဖို့ပဲရှိတာ ... ဒါပေမဲ့ ဒီနည်းလမ်းက ဘေးမကင်းဘူး ... ပြီးတော့ အချိန်လည်း မလုံလောက်ဘူးလေ ..."

ခယ့်လိုင်က လော့ဝမ်ချွမ်းကို ကြည့်လိုက်သည်။
" ဘာလို့ ရုတ်တရက်ကြီး သိချင်သွားတာလဲ ..."

" ဒီတိုင်းမေးကြည့်တာပါ ..."
လော့ဝမ်ချွမ်း၏လေသံက ပြတ်သားနေသည်။

" ကာလက်က စုကျီနန်လုပ်လိုက်တဲ့ကိစ္စကြောင့် အိုမီဂါတွေကို အမြင်မကြည်တော့တာလည်း ဖြစ်နိုင်တယ် ..."

ခယ့်လိုင်၏ နှုတ်ခမ်းများ တွန့်ကွေးလိုက်သည်။

" ယွမ်ရှင်းကျဲတော့ ဒုက္ခရောက်ပြီ ..."

အိုမီဂါအဖြစ် ကူးပြောင်းပြီးနောက် ပွဲဆူသွားရပြီ ( BL ) (Completed)Where stories live. Discover now