Chapter 4

182 28 0
                                    

ကျောင်းတွင်းအကြမ်းဖက်မှု - ၁

သူမ သူတို့လေးနှစ်ယောက်ကို တစ်ချက်ရယ်မောရင်း ကြည့်လိုက်ပြီး အိမ်နောက်ဖေးဘက်ရှိ မီးဖိုခန်းငယ်လေးထဲ ၀င်လာခဲ့လိုက်သည်။ သူမ ဆန်အိုးကို ဖွင့်ကြည့်လိုက်တော့ ဆန်က 500ဂရမ်လောက်ရှိနေသေးသည်။ ထိုဆန်ကိုသာ သူမယူထုတ်လိုက်ပြီး ဆန်ဆေးကာ ထမင်းအိုးတည်ဖို့ လုပ်လိုက်သည်။

အိမ်တွင် လျှပ်စစ်မီးရှိသော်လည်း သူမတို့အဖွားက မီးလုံးတစ်လုံးစာသာ ပေးဖွင့်သည်။ ထို့ကြောင့် သူမတို့ ထင်းနှင့်သာ ချက်ရ၏။ ထမင်းအိုးတင်ထားပြီးနောက် လိုက်လှန်လှောကြည့်လိုက်တော့ မုန်ညင်းကီလို၀က်သာ ထပ်တွေ့ရသည်။ သို့သော် ဆီပုလင်းထဲမှ ဆီကလည်း ဖင်ကပ်သာသာ။ မုန်ညင်းနှင့်ရောကြောရန် ကြက်သွန်ဖြူလည်း မရှိပေ။ သူမ သက်ပြင်းသာ ချလိုက်မိတော့သည်။

သူမအဖေက ပိုက်ဆံရှာရန် အပြင်ထွက်သည်ဟု ပြောသော်လည်း တခါတစ်ရံဆို ပြန်ပါလာသည့်ပိုက်ဆံက သူမတို့အတွက် ဆန်၀ယ်ဖို့တောင် မလောက်ငှချင်။ အကြီးဆုံးဘကြီးကတော့ တိုးတိုးတိတ်တိတ် မကြာခဏလာပြောတတ်သည်။ အဖေဖြစ်သူကို ဘယ်စားသောက်ဆိုင်မှာ တွေ့ခဲ့တာတို့၊ ဘယ်ဟော့ပေါ့ဆိုင်မှာ တွေ့ခဲ့တာတို့ပင်။ ထိုအချိန်တွေမျိုးမှာဆို အမေနှင့်အဖေက ရန်ဖြစ်တတ်သည်။ ပြီးလျှင်တော့ အမေမျက်ရည်ကျပြီပင်။

သူမ မုန်ညင်းလှီးချွတ်နေရင်းနှင့် ဒီတိုင်းနေ၍တော့ မဖြစ်တော့ဘူးဟု တွေးမိသည်။ app ကို lvl 10 အာလူးစိုက်လို့ရတဲ့ထိ အရင်တင်ရမည်ပင်။

အာလူးစိုက်လို့ရလျှင် အာလူးတွေကို ယူထုတ်ပြီး ဘေးရပ်ကွက်က ဈေးငယ်လေးမှာ သွားရောင်းလို့ရသည်။ ပိုက်ဆံနည်းနည်းရလာလျှင် အိမ်က ပြသနာတွေကို အရင်ရှင်းရမည်။

မုန်ညင်းလှီးချွတ်ပြီးသွားတော့ ထမင်းအိုးလည်း ဆူနေပြီ။ သူမ အလိုက်တသိဖြင့် ထမင်းရည်တွေကို ပန်းကန်လုံးသန့်သန့်တစ်လုံးထဲမှာ ငှဲ့ချထားလိုက်ပြီး ကျန်သည့်အရည်အနည်းငယ်ကိုတော့ စစ်လိုက်ကာ ထမင်းအိုးနှပ်ထားလိုက်သည်။ အငယ်လေးနှစ်ယောက်က ထမင်းရည်ထဲမှာ ထမင်းအနည်းငယ်ထည့်ပြီး သောက်ရတာကို နှစ်သက်ကြသည်။ တစ်ခါတစ်ရံ ထမင်းမ၀ခဲ့လျှင် ထမင်းရည်ကလည်း ဗိုက်ပြည့်သည်ပါပဲ။

You've reached the end of published parts.

⏰ Last updated: Nov 28, 2023 ⏰

Add this story to your Library to get notified about new parts!

ငါးဆားနယ်တစ်ကောင်ပဲဖြစ်ချင်ပေမယ့် သောက်ကျိုးနည်းငါလေးကိုနှောင့်ယှက်နေကြတယ်Where stories live. Discover now