Ep_1

703 63 16
                                    

Unicode

ကျယ်ဝန်းလှပတဲ့
စံအိမ်ကြီးထဲသို့ရောက်ရှိလာသောပြိုင်ကားတစ်စီး
ခြံထဲသို့အရှိန်ပြင်းပြင်းမောင်းလာကာ
ကားပေါ်မှ ပြေးဆင်းလာသော လူငယ်တစ်ဦး။

အိမ်ကြီးအပေါ်ထပ်သို့သွယ်ထားသည့်
ကြောင်လိမ်လှေကားပတ်လမ်းအား တစ်ဆင့်ချင်း ခပ်မြန်မြန်သွားနေရင်း ဒေါသတကြီး အံတကြိတ်ကြိတ်ရှိလာခဲ့ပုံ။

" ဂျောင်ဆန် ! မင်းဘာစောက်ချိုးချိုးတာလဲ ပြောစမ်း အခု "

ထောင့်ဆုံးကျသောအခန်းအားကွေ့ဝင်ကာဆဲဆိုလိုက်သောသူသည် မျက်နှာငယ်ငယ်ချောချောရှိသော်လည်း တကယ့်ပုံပျက်ပန်းပျက်ဖြစ်နှင့်နေပြီသာ။

သို့သော်
သူရည်ရွယ်ပြောဆိုနေသည့် သူမှာ ရွယ်တူနီးပါးဖြစ်သော်လည်း အရှိန်အဝါမတူညီသည့်ပုံပေါ်တာကြောင့် ထိုသူမှာ တုံ့ပြန်မှုမပေးဘဲ စကားတစ်ခွန်းကိုသာ အသိပေးလေသည်။

" ဝင်စွက်ဖက်နေစရာမလိုဘူးထင်တယ် အာလန် ကိုယ့်အကန့်နဲ့ ကိုယ်နေစမ်း "

" လူပါးဝလွန်းနေပြီ ဂျောင်ဟိုဆော့ ငါ့မိသားစုဥစ္စာတွေကို ခိုးဖို့ကြံမနေနဲ့လို့ ငါသတိပေးထားတယ် ဟေ့ကောင်... ! "
"

အာလန် ဒေါသထွက်ကာ အင်္ကျီစကိုဆောင့်ဆွဲကာ သတိပေးမိသော်လည်း
ဂျောင်ဆန်ဟာ တည်တည်တင်းတင်း
မျက်နှာသေဖြင့်သာ

" မင်းလိုကောင်ကို အစစ်အမှန်ဆိုပြီး ယုံကြည်ခဲ့လို့ ငါဆိုတဲ့ကောင်က ပတ်သတ်နေတာနော် အာလန်

မင်းမိဘဥစ္စာတွေကို ခိုးတယ်ဆိုတော့တစ်ဆွေတစ်မျိုးလုံး ပေါင်းရင်တောင် ငါစီးနေတဲ့ ဖိနပ်တန်ဖိုးလောက်ရှိမနေဘူး ထင်တယ် ကျစ်... မသမာတဲ့ဥစ္စာတွေကိုများကွာ "

ဂျောင်ဆန့်စကားများကြောင့် မာနထိခိုက်သွားရသော အာလန်မှာ အရင်ကခင်မင်မှုတွေကို ရိုက်ချိုးကာ သွားသောသူကို ပြန်နင်းချဖို့ စိတ်သာကြီးစိုးနေမိသည်။

"အေး ငါ့မိသားစုကိုထိတာနဲ့ ငြိမ်ခံနေမယ့်အစားထဲမပါဘူးနော် ဂျောင်ဆန်

မင်းလို အာဏာသုံးပြီး သူရဲဘောကြောင်နေမယ့်ကောင်မဟုတ်ဘူး

MATCHED PAIR Where stories live. Discover now