episode 16

112 10 0
                                    

ဒီနေ့တော့ကိုယ်တွေရဲ့ အဆောင်မှူးလေး Min လက်ထပ်ပွဲလေးပေါ့။ လူအများကြီးလည်း တက်ရောက်ကျတာပေါ့။

လူများတယ်ဆိုလို့ ယွန်ဂီဘက်က လူတွေရယ်
ဂျောင်ဂုဘက်က လူတွေရယ် အသိမိတ်ဆွေတွေရယ် အများအပါးလာကြတာပေါ့။

တစ်ချို့စီးပွားရေး လုပ်ငန်းရှင်တွေလည်း လာကြတာပေါ့။ အကုန်လုံးကတော့ ကိုယ်စီအသိမိတ်ဆွေတွေကို သက်ဆိုင်ရာနေရာကနေ ဧည့်ခံကြတာပေါ့။

*ကြွပါခင်များ ကြွပါ *

ဆိုပီးဂျောင်ဂုရဲ့ ဦးလေးနဲ့ ယွန်ဂီရဲ့အဘွားဘက်က အမျိုးတွေရယ်က လာကြတဲ့အသိမိတ်‌ေဆွတွေကို ဧည့်ခံနေတာပေါ့။

*Mr. Jeonဂုဏ်ယူပါတယ်ဗျာ တစ်ဦးထဲသော
တူလေးရဲ့လက်ထပ်ပွဲကို *

ဆိုပီးပြောတော့ ‌ဂျောင်ဂုရဲ့ဦးလေးသည်

*ဟုတ်ကဲ့ပါဗျာ ကျေးဇူးတင်ပါတယ် ကျနော်တို့နောက်ရက်မှ့ပဲ အေးဆေးဆံုကြမယ်နော် *

ဆိုကာပြောလေတော့ တဖက်လူကလည်း ဝမ်း‌သားကြောင်းကို ထပ်ပြောကာ ခန်းမထဲကို
ဝင်သွားလေရဲ့။

*အဘွားMinရေ မြေးလေးရဲ့လက်ထပ်ပွဲကို ဂုဏ်ယူပါတယ်နော် နောက်ဆုံးတော့ မြေးငမွှေသီးလေးတောင် အရွယ်လေးရောက်လို့ အိမ်ထောင်ပြုသွားပီပေါ့ *

ဆိုကာပြောလေတော့ အဖွားသည်

*အဟဟ ဟုတ်တယ်တူမကြီးရေ အဖွားမြေးဆိုးလေးတောင် အိမ်ထောင်ပြုသွားပီလေ ဒီအဖွားကြီးမှာပျော်လို့ မဆုံးဘူး။

ဒိီအဖွားကြီး မသေခင်လေးမှာ မြေးငယ်ကို တစ်အိုးတစ်အိမ်ထူနိုင်အောင် လုပ်ပေးနိုင်လို့ ပျော်နေတာ *

ဆိုကာပြောလေတော့ တဖက်မှ့အမျိုးသမီးသည်လည်း ဝမ်းသာကြောင်းကိုထပ်ပြောပီး ခန်းမထဲကို ဝင်သွားလေရဲ့။။

ထိုအခါအဖွားသည် ဂျောင်ဂုရဲ့ဦးလေးရှိရာ နေရာကိုသွားပီး

*ငါ့တူကြီး အမေ့မြေးလေးကို အပ်ပါတယ်ကွယ် *

ဆိုပီးပြောတော့  ဂျောင်ဂုရဲ့ဦးလေးသည်

You've reached the end of published parts.

⏰ Last updated: Jan 24 ⏰

Add this story to your Library to get notified about new parts!

အဆောင်မှူးလေး Min yoongi ( Complete )Where stories live. Discover now