အခန်း...(...၂..) unicode

477 36 6
                                    

မြိုင်နဲ့ဆုံခဲ့သောနောက်နေ့တွေ ကစ မြိုင်ဟာ ကျွန်မတက်နေတဲ့ဆေးတက္ကသိုလ်လာခဲ့တယ်...တဲ့လေ..ခဏခဏပါပဲ ပုံစံမျိုးစုံနဲ့ပေါ့ရယ်
နေ့တိုင်းကိုလာခဲ့တာပါပဲ
ဒယ်ဒီကိုကောထိုမိန်းမကို မုန်းတဲ့ကျွန်မဟာ...အကုန်ကို အဆက်သွယ်ဖြတ်တက်ခဲ့ပြီ
အားရင်အားသလိူမြိုင်ဆီလာတက်ပြီ....မြိုင်အပါးမှခစားနေတက်ခဲ့မြဲပါ..
ကျောင်းဝ ကလူ အချို့က
တော့မြိုင်နှင့်ကျွန်မကိုကြည့်ကာစကားသံတီတိုးပြောဆိုနေတာမြိုင်ကိုကျွန်မအားနာလိုက်တာ

"ဒါက မြိုင်သွေးမဟာလေတဲ့
ကလေးတောင်မရှောင်ဘူးတဲ့"

ကျွန်မကြားနေရတယ် ဘာရယ်မသိပေမယ့် မြိုင်ကို...ပုတ်ခက်တာတော့ ကျွန်မ ဘဝင်မကျ ကျွန်မစိတ်အလိုသာဆို...မြိုင်အတွက်....များစွာသော စကားတွေရင့်ရင့်သီးသီးပြောပလိုက်ချင်ရဲ့...မြိုင်ရှေ့က ကာကွယ်မိချင်ရဲ့...ဒါကိုသိသည်ပုံ
လက်ကိုလာကိုင်တဲ့ မြိုင်ဟာ ဘယ်အရာက်ိုမှ ဂရုမစိုက်တက်ပုံ... ပြီးမှ နှောင်းကိုရီဝေကြည့်ရင်း...

"ဘယ်လိုလဲ ​မြိုင်နဲ့ ခင်မင်ရတာ မင်း အဆင်ပြေရဲလားအည်ို"

"မဟုတ်တာဘဲမမမြိုင်ရယ် ကျွန်မ ဘာမှ မဖြစ်ပါဘူး ကျွန်မက အပေါ်ယံကို သိပ် အရေးမထားတက်ပါဘူး မြိုင်ရဲ...ကျွန်မသိရသလောက်မြိုင်က သိပ် ထက်တဲ့မိန်းမပဲလေ"

"နောက်သိပ်လှလွန်းတဲ့မိန်းမလေ မြိုင်ရဲ့"

"ဟားမြိုင်က အညိုထင်သလောက်မဟုတ်ပါဘူး"

နှောင်းစကားကို မြိုင်က ခနဲ ကာ ရယ်ရင်း

"ဟား အညိုရယ် မြိုင်က သူတိူ့ ထင်သလိုလူဆိုရင်တော့ မင်း အံ ့သြလိမ့်မယ်"

"အို...ကျွန်မကို စနေတာကျွန်မသိသား မြိုင်ရယ်.. "

"ထားပါတော့ မင်းကို သတိရလို့ဝင်လာတာ...အအေးလေးတော့ တိုက်သင့်တယ်ဟုတ်"

"မမမြိုင်သာသောက်ရင်...
ကျွန်မတိုက်ပါရဲ့ရှင်"

မြိုင်နဲ့ ကျွန်မ တို့လျှောက်လာရင်း မြိုင်ဟာ လမ်းနားက ထီဆိုင်က သီချင်းကြားတော့
လမ်းလျောက်ရင်းက တယ်
ပြုံးပြတယ်

"မြိုင်လေ အာ့လို လွတ်လွတ်လပိ ကဖူးချင်တာပဲ"

"ကလေမမမြိုင်ရဲ"

"တို့ကို အရူးမှတ်ဆွဲရင်မင်းတာဝန်ယူရလိမ့်မယ်"

"လုပ်ပြီ မမမြိုင်ရယ်"

ကျွန်မတကယ်တော့ မမမြိုင်နဲ့နေရတာ ပျော်နေ မိတယ်....
ကျွန်မ မမမြိုင်နဲ့နေရတာကြိုက်နေမိတယ်....လွတ်လပ်မူတွေရသလိုမျိုး

လမ်းလျောက်လာရင်း

crazy icecream @ drink

ဆိုင်းဘုတ်ကြောင့်...

မမမြိုင် လက်ကိုကျွန်မဆွဲ ကာ
မျက်နှာချင်းဆိုင်ဖြစ်ကာ ထိုင်မိတယ်....

"မမမြိုင်ဘာသောက်မှာလဲ"

"ဘလူးဘယ်ရီ ဆိုဒါ"

"ဘလူးဘယ်ရီ ဆိုဒါတစ်ခွက်..
ကဝီ ဆိုဒါတစ်ခွက်"

ကျွန်မ ဆိုင်ရှင်ကို လှမ်းခေါ်တော့.....ဆိုင်ရှင် အကြည့်တွေကျွန်မဆီ...ထိုသည်ကို မမမြိုင်ကမကျေနပ်သလို မျက်မှောင် ကျုံကာ

"ဆိုဒါပဲလားအည်ို...အညိုကြိုက်လို့လား"

"နှောင်းလဲဆိုဒါပဲလေ ကြိုက်တာ"

"အကြိုက်အတော်တူတာပဲ"

"ဟုတ်ပါရဲ့မမရယ်"

"ဒါနဲ့ မမမြိုင်... နှောင်းအိမ်ကို မလိုက်ချင်ဘူးလား"

"နေပါစေ နောက်မှ ကွယ် အအေးသောက်ကြမယ်..."

စကားလမ်းလွဲ ကာ အအေးသောက်နေသော မြိုင်ဟာ... နှောင်းတွက်ဗဟေဠိဆန်လှသည်...

မြိုင်သာ မင်းအိမ်ထိလိုက်ရင် အညိုရယ် မြိုင်ဘယ်လ်ိုလူ ဘယ်လောက်ထိ ရက်စက် တက်တာ မင်းသိရင် မြိုင်ကို မုန်းလိမ့်မယ် မြိုင်.. မခံစားနိုင်ဘူးကွယ်...မြိုင်မင်းအမုန်းကို လက်မခံနိုင်သေးဘူးကွယ်

# ချစ် သော ìrinaŘoelin

မြိုင်....💃🏻💃🏻💃🏻Where stories live. Discover now