(4)

1.7K 286 8
                                    

Unicode

Tong Yao က Jiang Jinyue ကို တစ်စုံတစ်ဦးရဲ့ချစ်ရေးဆိုမှုကနေ မတော်တဆ နှောင့်ယှက်မိခဲ့တယ်။  အဲ့နေ့က မေလ 20 ရက်၊ "520" ဖြစ်ခဲ့တယ်။

(5လပိုင်း20ရက်နေ့က တရုတ်မှာ ချစ်သူများနေ့ပါ။)

ထိုင်ခုံထီ ပြန်ရောက်ပြီးတဲ့အထိ Tong Yao က သူရဲ့ မရိုးသားမှုအပေါ် ငြီးတွားနေဆဲပဲ။ ဒါပေမယ့် သူပြန်စဉ်းစားကြည့်တော့ တကယ်လို့ သူတို့ကို မနှောင့်ယှက်ခဲ့ဘူးဆိုရင် မိန်းကလေးရဲ့ ချစ်ရေးဆိုတာ အောင်မြင်သွားခဲ့ရင် ဘယ်လိုလုပ်မလဲ။

ကောလိပ်ဝင်ခွင့် စာမေးပွဲ မတိုင်မီ တစ်လခွဲပဲ ကျန်တော့တယ်။ Jiang Jinyue က 'ငယ်ရွယ်တဲ့အချစ်' လိုမျိုး အမျိုးမျိုးသော အရာတွေကြောင့် အာရုံပျံ့လွင့်သွားနိုင်တယ် ။  သူက နိုင်ငံရဲ့ အကောင်းဆုံး တက္ကသိုလ်တွေကို ဝင်ခွင့်ရှိသူဖြစ်ပြီးတော့ သူတိုရဲ့အတန်းတွေမှာ ပထမအဆင့်အနေနဲ့ ရှိနေရမဲ့သူပဲ။

ဒီအချက်ကို တွေးတောနေရင်း Tong Yao ရဲ့ နှလုံးသားလေးထဲမှာ တင်းမာမှုတွေ ပျောက်ကွယ်သွားခဲ့တယ်။  ဒါပေမယ့် ချက်ချင်းဆိုသလိုပဲ သူ့နှာထိပ်လေးက နာကျင်လာတယ်။

Jiang Jinyue က တစ်နေ့မှာ ချစ်မိသွားလိမ့်မယ်။  အဲ့ဒီအချိန်ရောက်ရင် ကောလိပ်ဝင်ခွင့် စာမေးပွဲလည်း ရှိတော့မှာ မဟုတ်သလို 'ငယ်ရွယ်တဲ့အချစ်' လည်း ဖြစ်လာစရာအကြောင်း မရှိတော့ဘူး။Tong Yao က Jiang Jinyue ကို နှောင့်ယှက်စရာ အကြောင်းလည်းမရှိတော့ပေ။

စိတ်ပျက်အားလျော့စွာပဲ Tong Yao က သူ့စားပွဲပေါ်တွင် ခေါင်းလှဲချလိုက်တယ်။  အောက်ကိုငုံ့ကြည့်လိုက်တော့ စားပွဲခုံအံထဲကနေ ထွက်နေတဲ့ စာအိတ်ထောင့်ကို မထင်မှတ်ပဲ တွေ့လိုက်ရတယ်။  Tong Yao က အဲ့ဒါကို ကြည့်ဖို့ ဆွဲထုတ်လိုက်တယ်။

စာတစ်စောင်ဖြစ်နေခဲ့တယ်။  ဘယ်သူက သူ့ဆီ စာတစ်စောင် ရုတ်တရက် ရေးပေးတာပါလိမ့်။

Tong Yao က ပတ်ပတ်လည်ကို ကြည့်လိုက်ပြီး ဘယ်သူမှ သူ့ကို အာရုံမစိုက်ဘူးဆိုတာ သိလိုက်ရတော့ စာအိတ်ကို ဖွင့်ကြည့်လိုက်သတယ် ။

“သုံးနှစ်ကျော်သွားပေမယ့် မင်းငါ့ကို ဘယ်တော့မှ ဂရုမစိုက်ဘူးထင်တာပဲ။  ငါ သည်းမခံနိုင်တော့ဘူး။  ဒီနေ့ မင်းကို ငါဝန်ခံတယ်- Tong Yao မင်းကို ငါသဘောကျတယ်။  ဇွန်လ 8 ရက်နေ့ ကောလိပ်ဝင်ခွင့်စာမေးပွဲပြီးရင် ကျောင်းရဲ့တောအုပ်ထဲမှာ ငါမင်းကိုစောင့်နေမယ်။"

ကျောင်းမင်းသားလေးနဲ့ကာပယ်ဝတ်စုံတွေကိုမတော်တဆဝတ်မိခဲ့တဲ့ ရှက်စရာနေ့ရက်များWhere stories live. Discover now